Sales Invoice သည် ရောင်းသူမှ ဝယ်သူထံထုတ်ပေးသော မှတ်တမ်းဖြစ်ပြီး၊ ငွေပေးချေမှုကို တောင်းခံသော တရားဝင်စာရွက်စာတမ်းဖြစ်သည်။ ယင်းတွင် အရောင်းပြုလုပ်ထားသော ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများ၊ အရေအတွက်၊ စျေးနှုန်းများ၊ အခွန်များ၊ ပေးချေရမည့် စုစုပေါင်းငွေပမာဏနှင့် ငွေပေးချေမှု စည်းမျဉ်းစည်းကမ်းများ ပါဝင်ပါသည်။
Sales Invoice အား နည်းလမ်း ၃ နည်းဖြင့်ထည့်သွင်းနိုင်သည်။
1) Sales Order မှ Sales Invoice ထည့်သွင်းခြင်း
Sales Order မှ တစ်ဆင့် Sales Invoice ထည့်သွင်းသည့်အခါတွင် ထို Sales Order သည် Track Qty to delivery တွင်အမှန်ခြစ်မထည့်ထားပါက Sales Invoice ဖွင့်လိုက်သည့်အချိန်တွင် ပစ္စည်းတစ်ခါတည်း နုတ်မည်ဖြစ်ပြီး ။ Track Qty to Deliver တွင်အမှန်ခြစ်ထည့် ထားပါက Delivery Note ဖြင့်ပေးပို့မှသာ ပေးပို့လိုက်သည့်ပစ္စည်းအား နုတ်သွားမည်ဖြစ်ပါသည်။
Sales Order မှတစ်ဆင့် Sales Invoice ဖွင့်ရန်အတွက်

သက်ဆိုင်ရာ Sales Order အားရှာဖွေ၍ View ကိုနှိပ်ပါ။

Copy to ကိုနှိပ်၍ New Sales Invoice ကိုနှိပ်ပါ။

Date တွင် Invoice ဖွင့်ရက် ရွေးချယ်ပါ။
Sales Order တွင်ဖွင့်ထားခဲ့သည့်အတိုင်း Invoice ပေါ်တွင်ပါလာမည်ဖြစ်ပါသည်။
Qty နှင့် ဈေးနှုန်းများ ပြင်ဆင်လိုပါက ပြင်ဆင်နိုင်ပါသည်။
Item Detail Line တွင် Description ထည့်သွင်းလို့ပါက Line Description တွင်အမှန်ခြစ်ထည့်ပါ။
Item Line Discount ပေးလိုပါ Discount တွင်အမှန်ခြစ်ထည့်၍ Amount (or) Percentage မိမိ Discount ပေးမည့် type အားရွေးချယ်ပါ။
Create နှိပ်ပါ။
Invoice ထည့်သွင်းလိုက်သည့်အတွက် သက်ဆိုင်ရာ Receivable Report တွင်ကြည့်ရှု့ပါက Receivable တိုးလာမည်ဖြစ်ပါသည်။
2) Delivery Note မှ Sales Invoice ထည့်သွင်းခြင်း
Delivery Note ထည့်သွင်းထားသော ကုန်ပို့လွှာမှတစ်ဆင့် Sales Invoice ဖွင့်ရန်အတွက်

Delivery Note သို့သွာ၍ Sales Invoice ဖွင့်မည့် Delivery Note ဘောင်ချာအားရှာဖွေပါ။
တွေ့ရှိပါက View ကိုနှိပ်ပါ။
Copy to ကိုနှိပ်၍ New Sales Invoice ကိုနှိပ်ပါ။

Date တွင် Invoice ဖွင့်ရက် ရွေးချယ်ပါ။
Delivery Note တွင်ဖွင့်ထားခဲ့သည့်အတိုင်း Invoice ပေါ်တွင်ပါလာမည်ဖြစ်ပါသည်။
Qty နှင့် ဈေးနှုန်းများ ပြင်ဆင်လိုပါက ပြင်ဆင်နိုင်ပါသည်။
Item Detail Line တွင် Description ထည့်သွင်းလို့ပါက Line Description တွင်အမှန်ခြစ်ထည့်ပါ။
Item Line Discount ပေးလိုပါ Discount တွင်အမှန်ခြစ်ထည့်၍ Amount (or) Percentage မိမိ Discount ပေးမည့် type အားရွေးချယ်ပါ။
Create နှိပ်ပါ။
Invoice ထည့်သွင်းလိုက်သည့်အတွက် သက်ဆိုင်ရာ Receivable Report တွင်ကြည့်ရှု့ပါက Receivable တိုးလာမည်ဖြစ်ပါသည်။
3) Sales Invoice ထည့်သွင်းခြင်း
Sales order တင်စရာမလိုဘဲ ဘောင်ချာထုတ်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် ပစ္စည်းတွင်အနုတ်ပြလိုပါက Sales Invoice တစ်မျိုးတည်းဖွင့်၍ ပစ္စည်းအထွက်စာရင်းနှင့် Receivable ဖော်ခြင်းအားတစ်ပြိုင်နက်ထဲထည့်သွင်းနိုင်ပါသည်။
Sales Invoice ဖွင့်သည့်တစ်ပြိုင်နက် ပစ္စည်းအထွက်စာရင်အားတစ်ခါတည်းသွင်းမည်ဖြစ်ပါက Item သတ်မှတ်သည့်အခါတွင် ထို Item သည် Track quantity to delivery တွင် အမှန်ခြစ်ထည့်သွင်းထားခြင်းမရှိမှသာ Sales Invoice ဖွင့်လိုက်သည့်တစ်ပြိုင်နက် ကုန်ပစ္စည်းရောင်းလိုက်သည့်နှင့်တစ်ပြိုင်နက် ကုန်ပစ္စည်းအားတစ်ခါတည်းနုတ်သွားမည်ဖြစ်ပါသည်။
Sales Invoice >> New Sales Invoice

Date တွင် Invoice ဖွင့်ရက် ရွေးချယ်ပါ။
Qty နှင့် ဈေးနှုန်းများ ပြင်ဆင်လိုပါက ပြင်ဆင်နိုင်ပါသည်။
Item Detail Line တွင် Description ထည့်သွင်းလို့ပါက Line Description တွင်အမှန်ခြစ်ထည့်ပါ။
Item Line Discount ပေးလိုပါ Discount တွင်အမှန်ခြစ်ထည့်၍ Amount (or) Percentage မိမိ Discount ပေးမည့် type အားရွေးချယ်ပါ။
Create နှိပ်ပါ။
Sales Invoice ထည့်သွင်းလိုက်သောကြောင့် သက်ဆိုင်ရာ Receivable နှင့် Inventory Account များတိုးလာသည်အားကြည့်ရှု့နိုင်ပါသည်။