User Guides

User Guides

Open in ChatGPT
Ask ChatGPT about this page
Open in Claude
Ask Claude about this page

Ground Stock Adjustment

လစဥ် ကုန်လက်ကျန် စစ်ဆေးပြီး လိုအပ်သည့် စာရင်းညှိနှိုင်းမှုပြုရာတွင် Inventory Write-off နှင့် Journal Entry အား အသုံးပြု၍စာရင်းညှိနှိုင်းနိုင်သည်။

1)ကုန်ပစ္စည်းတွင် ပိုနေသည့် အရေအတွက်အားလျော့မည်ဆိုပါက Inventory Write-off ကို အသုံးပြုရမည်။

Inventory Write-off ထည့်သွင်းနည်းအား Link ကိုနှိပ်၍ ကြည့်ရှု့နိုင်ပါသည်။

2)ကုန်ပစ္စည်းတွင် လိုနေသည့် အရေအတွက်အား ထပ်မံထည့်မည်ဆိုပါက Journal Entry ကို အသုံးပြုရမည် ဖြစ်ပါသည်။

စာရင်းညှိနှိုင်းမှု ပြုရာတွင် ပထမဦးစွာ Chart of Account တွင် Stock Adjustment Account ကို ထည့်ပေးရမည်ဖြစ်ပါသညါ။

Setting > Chart of account

  • Profit and Loss Statement ဘက်ခြမ်းမှ New Account ကို နှိပ်ပါ။

  • Name တွင် Stock Adjustment လို့ထည့်ပါ။

  • Group တွင် Expense (or) Income ကို ရွေးပါ။

  • Create ကို နှိပ်ပါ။

ကုန်ပစ္စည်းတွင် လိုနေသည့် အရေအတွက် ကို ထပ်မံ ထည့်သွင်းလိုပါက Journal Entry ကို အသုံးပြုရမည်ဖြစ်ပါသည်။

Journal Entry >> New Journal Entry

  • Date တွင် Adjustment ညှိမည် Date ကို သတ်မှတ်ပါ။

  • ပထမအကြောင်း၏ Account တွင် Inventory Account အားရွေးချယ်ပါ။

  • Inventory Item တွင် Adjustment လုပ်လိုသည့် Item ကို ထည့်ပါ။

  • Inventory Location တွင် မည်သည့် နေရာမှ Adjustment လုပ်မည်ဆိုတာကို သတ်မှတ်ရမည်ဖြစ်ပါသည်။

  • Qty တွင် ညှိလိုသည့် အရေအတွက်ကို ထည့်ပါ။

  • Debit တွင် ညှိလိုက်သည့် Item ၏ စျေးနှုန်းကို ထည့်ပါ။

  • ဒုတိယ အကြောင်း၏ Account တွင် Adjustment Account ကိုရွေးပါ။

  • Credit တွင် ညှိလိုက်သည့် အရေအတွက် ကို ထည့်ပါ။

  • Create ကို နှိပ်ပါ။

ကုန်စာရင်း ညှိထားသည့် Journal ကို တွေ့မြင်ရမည်ဖြစ်ပါသည်။

Inventory Item တွင် ကြည့်ပါကလည်း ညှိလိုက်ရသည့် Item အရေအတွက် တိုးလာကြောင်းကို တွေ့ရမည်ဖြစ်ပါသည်။

Last updated 5 months ago
Was this helpful?
Thanks!