to select ↑↓ to navigate
User Guides

User Guides

Open in ChatGPT
Ask ChatGPT about this page
Open in Claude
Ask Claude about this page

Non-Inventory Item

လုပ်ငန်းတွင် Control မလုပ်သော Item များအား Non-Inventory အနေဖြင့်သတ်မှတ်ပေးရမည်။

ဥပမာ- Service တောင်းသော Fees ၊ Installation လုပ်၍ ရသော Fees ၊ Audit စစ်သောကြောင့် ရရှိသော Fees ၊ Delivery လုပ်ငန်းဖြစ်ပါက Deliver ခရရှိသော Fees များအား Non-Inventory item အနေဖြင့်ထည့်သွင်းပေးရမည်။

Non-Inventory Item ထည့်သွင်းရန်အတွက်

Setting >> Non-Inventory Item

  • New Non-Inventory Item ကိုထပ်မံနှိပ်ပါ။

  • Item code နှင့် Item Nameထည့်သွင်းပါ။(Item code သည် လုပ်ငန်း၏လိုအပ်ချက်အရထည့်သွင်းလိုပါက ထည့်သွင်းနိုင်ပါသည်။ မဖြစ်မနေထည့်သွင်းရန်မလိုပါ။)
  • Unit Name ထည့်သွင်းပါ။(Unit Name သည် လုပ်ငန်း၏လိုအပ်ချက်အရထည့်သွင်းလိုက်ပါထည့်သွင်းနိုင်ပါသည်။
  • When Sold တွင် Service ပေးသည့်အခါတွင် ဝင်လာသော ဝင်ငွေအား ခွဲ၍ သိလိုသောကြောင့် Income Account ခွဲထားပါက အမှန်ခြစ်ထည့်၍ သက်ဆိုင်ရာ Account ရွေးချယ်ပါ။ Default Account ဖြင့်သာပေါ်လိုပါက အမှန်ခြစ်ထည့်သွင်းရန်မလိုပါ။
  • When Purchase တွင် မိမိ Service ပေးသော Item သည် သူများဆီမှတစ်ဆင့်ခံ၍ Service ပေးခြင်းဖြစ်ပါက ထို Service အတွက် Expense အား သီးခြားခွဲ၍ သိလိုသောကြောင့် Expenses Account ခွဲထားပါက အမှန်ခြစ်ထည့်၍ သက်ဆိုင်ရာ Account ရွေးချယ်ပါ။
  • Create ကိုနှိပ်ပါ။

  • ထည့်သွင်းထားသော Inventory Item ကိုနှိပ်ပါ။
Last updated 5 hours ago
Was this helpful?
Thanks!