ကုန်ပစ္စည်းလက်ခံမှု (GR) သည် ဝယ်သူမှ တင်သွင်းသူထံမှ ကုန်ပစ္စည်းများကို လက်ခံခဲ့ကြောင်း အတည်ပြုသော စာရွက်စာတမ်းတစ်စောင် ဖြစ်သည်။ Supplier ထံမှ ပေးပို့လာသော ပစ္စည်းများသည် ဝယ်ယူမှု အော်ဒါနှင့် တန်ဖိုး၊ အရေအတွက်နှင့် သတ်မှတ်ချက်များအတိုင်း ကိုက်ညီမှုရှိမှုကို စစ်ဆေးရန် အသုံးပြုသည်။
Goods Receipt လက်ခံမှုသည် အပိုင်း(၃)ပိုင်းဖြင့်ထည့်သွင်းနိုင်သည်။
1) Purchase Order မှ Goods Receipt ထည့်သွင်းခြင်း
Purchase Order ဖွင့်ထားသော ပစ္စည်းများ ရောက်ရှိလာသောအခါတွင် ကုန်လက်ခံ(Goods Receipt) ထည့်သွင်းမည်ဆိုပါက

ကုန်ပစ္စည်းရောက်ရှိလာသော Purchase Order အစောင်အား Sear bar မှတစ်ဆင့် Supplier အမည် (သို့) Purchase Order အစောင် no ဖြင့်ရှာဖွေနိုင်ပါသည်။
Purchase Order အစောင်တွေ့ရှိပါက View နှိပ်ပါ။

Copy to ကိုနှိပ်ပါ။
New Goods Receipt ကိုနှိပ်ပါ။

Date တွင် ပစ္စည်းရောက်ရှိသည့် ရက်အား ရွေးချယ်ပါ။
Item တွင် Order မှာထားသော ပစ္စည်းများအားလုံးပေါ်လာမည်ဖြစ်ပါသည်။ ရောက်ရှိလာသောပစ္စည်းများအားရွေးချယ်ပြီး မပါရှိသော Item Line များအားဖျတ်ချနိုင်ပါသည်။
Qty တွင် ရောက်ရှိလာသော အရေအတွက်များသာထည့်သွင်းနိုင်ပါသည်။
Create နှိပ်ပါ။

- ထည့်သွင်းလိုက်သော Purchase Order အတွက် ပစ္စည်းလက်ခံပြီးသည့်အတွက် Purchase Order တွင်ကြည့်ရှု့ပါကလည်း Invoice ဖွင့်ဖို့သာကျန်ရှိသည့်အတွက် Uninvoiced ဟုပြနေမည်ဖြစ်ပါသည်။
2) Purchase Invoice မှ Goods Receipt ထည့်သွင်းခြင်း
Purchase Invoice ဖွင့်ထားပြီး ပစ္စည်းရောက်ရှိမှသာ Goods Receipt ထည့်သွင်းလိုပါက

Purchase Invoice သို့ဝင်၍ ပစ္စည်လက်ခံရရှိသော ဘောင်ချာအားရှာဖွေပါ။
ပစ္စည်းလက်ခံထည့်သွင်းရန်အတွက် View နှိပ်ပါ။

- Copy to ကိုနှိပ်၍ Goods Receipt နှိပ်ပါ။

Date တွင်ပစ္စည်းလက်ခံရရှိသည့် ရက်အားထည့်သွင်းပါ။
Item တွင် Invoice ဖွင့်ထားသော ပစ္စည်းများအားလုံးပေါ်လာမည်ဖြစ်ပါသည်။ ရောက်ရှိလာသောပစ္စည်းများအားရွေးချယ်ပြီး မပါရှိသော Item Line များအားဖျတ်ချနိုင်ပါသည်။
Qty တွင် ရောက်ရှိလာသော အရေအတွက်များသာထည့်သွင်းနိုင်ပါသည်။
Create နှိပ်ပါ။
ထည့်သွင်းလိုက်သော ပစ္စည်းများ Item တွင် အရေအတွက်များတိုးသွားမည်ဖြစ်ပါသည်။
3) Goods Receipt ထည့်သွင်းခြင်း
ပစ္စည်းရောက်လာသည့်အခါတွင် ကုန်လက်ခံထည့်သွင်းပြီးမှသာ ဘောင်ချာရရှိသည့်အခါမှ Purchase Invoice ဖွင့်မည်ဖြစ်သောကြောင့် ကုန်လက်ခံအရင်ထည့်သွင်းထားလိုပါက
Goods Receipt >> New Goods Receipt

Date တွင်ပစ္စည်းလက်ခံရရှိသည့် ရက်အားထည့်သွင်းပါ။
Item တွင်ပစ္စည်းရောက်ရှိလာသည့် Item များအားရွေးချယ်ပါ။
Qty တွင် ရောက်ရှိလာသော အရေအတွက်များသာထည့်သွင်းနိုင်ပါသည်။
Create နှိပ်ပါ။
Goods Receipt ထည့်သွင်းပြီးပါက သက်ဆိုင်ရာ Item တွင် ပစ္စည်းအရေအတွက် တိုးလာမည်ဖြစ်ပါသည်။