to select ↑↓ to navigate
User Guides

User Guides

Open in ChatGPT
Ask ChatGPT about this page
Open in Claude
Ask Claude about this page

Prepaid Office Rent

Prepaid office rent ဆိုသည်မှာ အငှားသက်တမ်းမစတင်မီ ရုံးခန်းအငှားကြေးကို ကြိုတင်ပေးချေခြင်းဖြစ်သည်။ ၎င်းကို ပိုင်ဆိုင်မှု (Asset) အဖြစ် ငွေစာရင်းတွင် မှတ်တမ်းတင်ပြီး၊ အငှားသက်တမ်းကုန်ဆုံးသွားသည့် လတိုင်းတွင် တဖြည်းဖြည်း စရိတ် (Expense) အဖြစ် စာရင်းတွင် မှတ်တမ်းတင်လေ့ရှိသည်။

Prepaid Office Rent အားစာရင်းသွင်းရာတွင် အချက် (၂)ချက်ဖြင့်စာရင်းသွင်းရမည်။

  1. Prepaid Office Rent ကြိုတင်ငွေ ပေးချေခြင်းနှင့်

  2. Rent Expenses (လကုန်သည့်အခါတိုင်းတွင် ဌားရမ်းစရိတ်အဖြစ်ပြခြင်း)

Chart of account တွင် Bance Sheet ဘက်ခြမ်း၏ Assets အောက်တွင် Prepaid Office Rent account ထည့်သွင်းပါ။ Profit and Loss Statement ဘက်ခြမ်းတွင် Rent Expenses Account မရှိသေးပါက Rent Expenes Account ထည့်သွင်းပါ။

Chart of Account ထည့်သွင်းနည်းအသေးစိတ်အား Link ကိုနှိပ်၍ ကြည့်ရှု့နိုင်ပါသည်။

1) Prepaid Office Rent ထည့်သွင်းခြင်း

ကြိုတင်ငွေပေးချေရန်အတွက်

Payment >> New Payment Entry

  • Date တွင် ငွေကြိုတင်ပေးချေလိုက်သည့်ရက်အားထည့်သွင်းပါ။

  • Paid From တွင်ငွေထုပ်ပေးလိုက်သည့် Cash (or)Bank အားရွေးချယ်ပါ။

  • Description ထည့်သွင်းလိုပါက ထည့်သွင်းနိုင်ပါသည်။

  • Account တွင် Prepaid Rent Account အားထည့်သွင်းပါ။

  • Amount တွင် ကြိုတင်ငွေပေးချေလိုက်သည့် Amount total အားထည့်သွင်းပါ။

  • Create နှိပ်ပါ။

  • Prepaid office rent တွင်တိုးလာပြီး Cash တွင် လျော့သွားမည်ဖြစ်ပါသည်။

2) Rent Expenses (လကုန်သည့်အခါတိုင်းတွင် ဌားရမ်းစရိတ်အဖြစ်ပြခြင်း)

ကြိုတင်ငွေပေးထားသော Prepaid များအား လကုန်သည့်အခါတိုင်းတွင် စရိတ်အဖြစ်ပြရမည်ဖြစ်ပါသည်။

စရိတ်အဖြစ်ပြရာတွင် လတိုင်း Manual ရိုက်မထည့်ဘဲ လစဥ် Auto Journal ကျခြင်းဖြင့် ထည့်သွင်းနိုင်ပါသည်။

Setting >>> Recurring Journal Entries >> New Recurring Journal Entries

  • Date တွင် စရိတ်စတင်ပြမည့်ရက်အားထည့်သွင်းပါ။

  • Interval တွင် 1လ 1ခါ စရိတ်ပြမည့်ဖြစ်သည့်အတွက် 1 Month အားရွေးချယ်ပါ။

  • Until Further Notice တွင် custom အားရွေးချယ်၍ expenses နောက်ဆုံးပြမည့်လအားထည့်သွင်းပါ။

  • Line 1 Account တွင် Rent Expenses အားရွေးချယ်ပါ။ Amount တွင် တစ်လစာဌားရမ်းစရိတ်ပမာဏအား Debit တွင်ထည့်သွင်းပါ။

  • Line 2 Account တွင် 1လကုန်သွားသည့်အခါတိုင်း Prepaid Rent account မှ လျော့ရမည်ဖြစ်သောကြောင့် Prepaid Rent Account အားရွေးချယ်ပါ။ Amount တွင် တစ်လကုန်တိုင်း တစ်လစာပမာဏ လျော့ရမည်ဖြစ်သောကြောင့် တစ်လစာဌားရမ်းစရိတ်ပမာဏအား Credit တွင်ထည့်သွင်းပါ။

  • Automatic Reference တွင်အမှန်ခြစ်ထည့်ပါ။

  • Create နှိပ်ပါ။

ထိုRecuring Journal Entry သည် လစဥ်တိုင်းထည့်သွင်းရန်မလိုပါ။ Prepaid Office Rent ထည့်သွင်းသည့်အချိန်တွင် တစ်ခါထည့်သွင်းပေးရန်သာလိုအပ်ပါသည်။

  • လကုန်သည့်အခါတိုင်း Journal Entry ဘေးတွင် အဝါရောင်+1 ပြနေမည်ဖြစ်ပါသည်။

  • ထို Journal Entry Form ထဲတွင် There is one more recurring journal entry pending to be created စာကြောင်းအားတွေ့ရမည်ဖြစ်ပါသည်။

  • ထို စာကြောင်းအားနှိပ်ပါ။

  • စရိတ်ထည့်သွင်းရမည့် Journal entry တစ်စောင်ကျနေမည်ဖြစ်ပါသည်။ ထိုအကြောင်းအားအမှန်ခြစ်ထည့်၍ Batch Create ကိုနှိပ်ပါ။

  • Assets အောက်ရှိ Prepaid office rent account တွင် တစ်လစာလျော့သွားမည်ဖြစ်ပြီး

  • Expenses အောက်ရှိ Rent Expenses တွင် တစ်လစာစရိတ်တိုးသွားမည်ဖြစ်ပါသည်။

လစဥ်တိုင်းထိုနည်းလမ်းအတိုင်းစရိတ်ထည့်သွင်း၍ ကုန်ဆုံးသည့်နောက်ပိုင်းတွင် ထပ်မံ၍ Journal ကျတော့မည်မဟုတ်ပါ။

ထပ်မံ၍ ရုံးခန်းဌားခထပ်မံပေးသွင်းပါက ပထမအဆင့်မှစတင်၍ ပြန်လည်လုပ်ဆောင်ရမည်ဖြစ်ပါသည်။

Last updated 5 hours ago
Was this helpful?
Thanks!