to select ↑↓ to navigate
User Guides

User Guides

Open in ChatGPT
Ask ChatGPT about this page
Open in Claude
Ask Claude about this page

Inventory Items

Inventory ဆိုသည်မှာ ကုမ္ပဏီတစ်ခုတွင် ရောင်းရန် (သို့) အသုံးပြုရန်ရှိသော ကုန်ပစ္စည်းများနှင့် အစိတ်အပိုင်းများ ကို ဆိုလိုသည်။ သိုလှောင်ထားသော ကုန်ပစ္စည်းများကို စီမံခန့်ခွဲရန် Inventory ကို အသုံးပြုကြသည်။

ကုန်ပစ္စည်းList ထည့်သွင်းရန်

Inventory Items >> New Inventory Item

  • Item code နှင့် Item Nameထည့်သွင်းပါ။(Item code သည် လုပ်ငန်း၏လိုအပ်ချက်အရထည့်သွင်းလိုပါက ထည့်သွင်းနိုင်ပါသည်။ အဓိကထည့်သွင်းရန်မလိုပါ။)
  • Unit name ထည့်သွင်းပါ။
  • ဝယ်ဈေး/ရောင်းဈေး ရှိပါက Purchase Price/Sales Price တွင်သတ်မှတ်ပါ။
  • Detail အကြောင်းအရာများထည့်သွင်းလိုပါက Description သတ်မှတ်ပါ။
  • Control Account သတ်မှတ်ထားခြင်းရှိပါက သက်ဆိုင်ရာ Control Account ရွေးချယ်ပါ။
  • Starting balance တွင်မိမိထည့်သွင်းသော ပစ္စည်း၏ Opening ထည့်သွင်းလိုပါက Starting Balance နေရာမှ ထည့်သွင်းရမည်ဖြစ်ပါသည်။
  • Track quantity to receive သည် မိမိထည့်သွင်းသော Item အား ပစ္စည်းရောက်ရှိသည့်အခါတွင် ကုန်လက်ခံ Goods Receipts ထည့်သွင်းမည်ဆိုပါက အမှန်ခြစ်ထည့်သွင်းပါ။ မလိုအပ်ပါက ထည့်သွင်းရန်မလိုပါ။
  • Track quantity to deliver တွင် မိမိထည့်သွင်းသော Item အား customer မှဝယ်ယူသည့်အခါတွင် ပစ္စည်းပို့ဆောင်သည့် Delivery Note ထည့်သွင်းမည်ဖြစ်ပါကအမှန်ခြစ်ထည့်သွင်းပါ။ မလိုအပ်ပါက ထည့်သွင်းရန်မလိုပါ။
  • Custom income account မိမိထည့်သွင်းသော Item အား ရောင်းရသည့်တန်ဖိုးသီခြားသိလိုသောကြောင့် Income Account သီးခြားခွဲထားပါက ထိုနေရာတွင် အမှန်ခြစ်ထည့်၍ သက်ဆိုင်ရာ Income account နှင့်ချိတ်ဆက်ပေးရမည်။ ခွဲထားခြင်းမရှိပါက အမှန်ခြစ်ထည့်သွင်းရန်မလိုပါ။
  • Custom expenses account မိမိထည့်သွင်းသော Item အား ရောင်းရသည့်တန်ဖိုးအပေါ်တွင် ကုန်ကျသော တန်ဖိုးအား သီးခြားသိလိုသောကြောင့် Chart of Account တွင်ခွဲထားပါက ထိုနေရာတွင် အမှန်ခြစ်ထည့်၍ သက်ဆိုင်ရာ Expenses Account နှင့်ချိတ်ဆက်ပေးရမည်။ ခွဲထားခြင်းမရှိပါက အမှန်ခြစ်ထည့်သွင်းရန်မလိုပါ။
  • Create နှိပ်ပါ။

  • ထည့်သွင်းလိုက်သော Inventory Item ကိုတွေ့ရမည်ဖြစ်သည်။
Last updated 5 hours ago
Was this helpful?
Thanks!