Custom Field for Bank Account
Custom Field အသုံးပြုနည်း လမ်းညွှန်
MSME Software ရှိ Module များတွင် မိမိတို့လုပ်ငန်းသဘာဝအရ လိုအပ်သော အချက်အလက်များကို မူလပါဝင်သည့် Field များအပြင် အသစ်ထပ်မံဖြည့်စွက်လိုပါက Custom Field စနစ်ကို အသုံးပြု၍ အောက်ပါအတိုင်း လွယ်ကူစွာ ထည့်သွင်းနိုင်ပါသည်။
-
ငွေပေးချေမှုအတွက် မိမိတို့၏ Bank Name သို့မဟုတ် Account Number များကို သီးသန့်ဖော်ပြလိုပါက Custom Field ကို အသုံးပြု၍ အောက်ပါအတိုင်း အလွယ်တကူ ပြုလုပ်နိုင်ပါသည်။
-
ပထမဦးစွာ ဘယ်ဘက် အခြမ်းမှ Settings ထဲသို့သွားပါ။
-
Custom Filed ထဲကိုဝင်ပါ။

-
Bank Account နှင့် ပတ်သက်၍ မူလပါဝင်သော အချက်အလက်များအပြင် မိမိတို့သီးသန့် မှတ်တမ်းတင်လိုသော အကြောင်းအရာများ (ဥပမာ - Account Number သို့မဟုတ် Branch Name) ရှိပါက အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါသည်။
-
Bank Account ခေါင်းစဥ်ဘေးမှ New Custom Field ကိုနှိပ်ပါ။

-
Name နေရာတွင် မိမိထည့်သွင်းလိုသော ခေါင်းစဉ်အမည်ကို ရိုက်ထည့်ပါ။ (ဥပမာ - ဘဏ်အကောင့်နံပါတ်အတွက်ဆိုလျှင် "Account Number" ဟု ဖြည့်သွင်းပါ)။
-
Position နေရာတွင် ထို Field အသစ်အား ပေါ်ချင်သည့်နေရာကို သတ်မှတ်နိုင်ပါသည်။

Type (အချက်အလက်အမျိုးအစား) ၆ မျိုး
-
Single Line Text - စာသား တစ်ကြောင်းတည်း ရိုက်ရန်။
-
Paragraph Text - အကြောင်းအရာ ရှည်ရှည် (စာပိုဒ်လိုက်) ရေးရန်။
-
Drop-down List - ကြိုတင်သတ်မှတ်ထားသော စာရင်းထဲမှ ရွေးချယ်ရန်။
-
Image - ပုံ သို့မဟုတ် ဓာတ်ပုံ ထည့်သွင်းရန်။
-
Date - ရက်စွဲ ထည့်သွင်းရန်။
-
Number - ဂဏန်း သီးသန့် ရိုက်ထည့်ရန်။

- Size တွင် မိမိသတ်မှတ်လိုသောအမျိုးအစားအား ရွေးချယ်နိုင်ပါသည်။

-
အသစ်ထည့်လိုက်သော Field ကို သက်ဆိုင်ရာ List (ဇယား) တွင် တိုက်ရိုက်မြင်တွေ့လိုပါက "Show custom field as a column" တွင် အမှန်ခြစ်ပေးပါ။
-
အဆိုပါအချက်အလက်ကို Print ထုတ်သည့်အခါ (Invoice/Voucher) များတွင် မြင်တွေ့ ချင်ပါက "Show custom field on printed documents" တွင် အမှန်ခြစ်ပေးပါ။

- ယခုအခါ Bank Account စာမျက်နှာတွင် မိမိစိတ်ကြိုက် ထည့်သွင်းထားသော Field အသစ် (ဥပမာ - Account Number) ပေါ်လာမည် ရမည်ဖြစ်ပါသည်။

- Bank and Cash Accounts အောက်တွင်လည်း Account Number ဟူ၍ အောက်ပါအတိုင်း မြင်တွေ့ ရမည်ဖြစ်ပါသည်။
