to select ↑↓ to navigate
User Guides

User Guides

Open in ChatGPT
Ask ChatGPT about this page
Open in Claude
Ask Claude about this page

Commission Sales

မိမိဆိုင်မှပစ္စည်းကို တခြားဆိုင်တွင် Consignment အနေဖြင့်ထားပြီး ရောင်းရသည့်အချိန်တွင် Commission ပေးသည့်ပုံစံကို အောက်ပါအတိုင်းထည့်သွင်းနိုင်ပါသည်။

Commission Sales ထည့်သွင်းရာတွင် နည်း(2) နည်းဖြင့်ထည့်သွင်းနိုင်ပါသည်။

(1)မိမိဆိုင်မှပစ္စည်းများကို Consignment ပေးမည့်ဆိုင်များသို့ ပစ္စည်းများလွှဲ၍ အရောင်းစာရင်းထည့်သွင်းနည်း

(2)Consignment ကုန်ပစ္စည်းများကို Delivery Note ဖြင့်ပစ္စည်းထုတ်ပြီး အရောင်းစာရင်းထည့်သွင်းနည်း

(1)မိမိဆိုင်မှပစ္စည်းများကို Consignment ပေးမည့်ဆိုင်များသို့ ပစ္စည်းများလွှဲ၍ အရောင်းစာရင်းထည့်သွင်းနည်း

Consignment ကုန်ပစ္စည်းများကို တခြားဆိုင်သို့လွှဲပေးမည်ဖြစ်သည့်အတွက် ပထမဦးစွာ Location များသတ်မှတ်ပေးရပါမည်။

Locations များထည်သွင်းရန်အတွက် Settings ကိုနှိပ်ပါ။

Inventory Location ကိုနှိပ်ပါ။

Location အသစ်ထည့်သွင်းရန်အတွက် New Inventory Location ကိုနှိပ်ပါ။

Name တွင် ကုန်ပစ္စည်းများလွှဲပေးမည့် သက်ဆိုင်ရာဆိုင်နာမည်များကို ထည့်သွင်းပေးရပါမည်။

ထို့နောက် Create ကိုနှိပ်ပါ။

မိမိလုပ်ငန်းမှ Consignment ချထားသော ကုန်ပစ္စည်းများကို တခြားဆိုင်များသို့ လွှဲရန်အတွက် Inventory Transfers ထဲကိုဝင်ပါ။

ကုန်ပစ္စည်းများ လွှဲပြေင်းရန်အတွက် New Inventory Transfer ကိုနှိပ်ပါ။

Date တွင် Consignment ပစ္စည်းများချပေးသည့် ရက်ကိုထည့်သွင်းပါ။

Inventory Location ၏ From တွင် ပစ္စည်းထုတ်ပေးမည့် မိမိဆိုင်ကိုထည့်သွင်းပါ။

To တွင် ပစ္စည်းလက်ခံမည့် ဆိုင်ကိုထည့်သွင်းပါ။

Inventroy Item တွင် Consignment ချပေးသည့်ပစ္စည်းကိုထည့်သွင်းပါ။

Qty တွင် Consignment ချပေးသည့်ပစ္စည်း၏ အရေအတွက်ကို ထည့်သွင်းပေးရပါမည်။

ထို့နောက် Create ကိုနှိပ်ပါ။

Consignment ဆိုင်မှအရောင်းစာရင်းထည့်သွင်းရန်အတွက် Sales Invoice ထဲကိုဝင်ပါ။

Issue Date တွင် Customer ကိုရောင်းလိုက်ရသောရက်ကို ထည့်သွင်းပါ။

Customer တွင် ပစ္စည်းဝယ်ယူသော သက်ဆိုင်ရာ Customer ကိုထည့်သွင်းပါ။

Item တွင် ရောင်းရသော Consignment ပစ္စည်းကိုထည့်သွင်းပါ။

Qty တွင် ရောင်းရသော Consignment ပစ္စည်း၏အရေအတွက်ကို ထည့်သွင်းပါ။ Unit Price တွင် Consignment ပစ္စည်း၏ဈေးနှုန်းကို ထည့်သွင်းပါ။

မိမိလုပ်ငန်းမှ Consignment ချထားသော ဆိုင်ကို Commission တစ်ခါတည်းထည့်ပေးမည်ဖြစ်သည့်အတွက် Add Line ကိုနှိပ်ပြီး Account တွင် Commission Sales Account ကိုရွေးချယ်ပေးရပါမည်။ Unit Price တွင် Commission ပေးမည့် Amount ကို (-) ခံ၍ထည့်သွင်းပေးရပါမည်။

Inventory Location တွင် Consigment ဆိုင်မှအရောင်းစာရင်းဖြစ်သည့်အတွက် သက်ဆိုင်ရာဆိုင်၏ Location ကိုထည့်သွင်းပေးရပါမည်။

ထို့နောက် Create ကိုနိပ်ပါ။

Summary တွင်ပြန်စစ်ကြည့်ပါကလည်း Commission Sales ခေါင်းစဉ်ဖြင့် Commission ပေးလိုက်ရသည့် ပမာဏကို အထက်ပါအတိုင်းတွေ့ရပါမည်။

မရောင်းရသည့် Consignment ပစ္စည်းများကို သက်ဆိုင်ရာမူရင်းဆိုင်သို့ Return ပြန်သွင်းပေးရပါမည်။

Return ပြန်ရန်အတွက် Inventory Transfers ထဲကိုဝင်ပါ။

New Inventory Transfer ကိုနှိပ်ပါ။

Date တွင် Return ပြန်သွင်းမည့် ရက်ကိုထည့်သွင်းပါ။

Inventory Location ၏ From နေရာတွင် Consignment ချပေးထားသည့်ဆိုင်၏ Location ကိုထည့်သွင်းပါ။ To နေရာတွင် Consignment ပစ္စည်းပြန်လက်ခံမည့် မူလဆိုင်၏ Location ကို ထည့်သွင်းပေးရပါမည်။

Inventory Item တွင် မရောင်းရ၍ Return ပြန်သွင်းမည့် Consignment ပစ္စည်းကိုထည့်သွင်းပါ။

Qty တွင် Return ပြန်သွင်းမည့် အရေအတွက်ကို ထည့်သွင်းပေးရပါမည်။

ထို့နောက် Create ကိုနှိပ်ပါ။

(2)Consignment ကုန်ပစ္စည်းများကို Delivery Note ဖြင့်ပစ္စည်းထုတ်ပြီး အရောင်းစာရင်းထည့်သွင်းနည်း

Delivery Note ဖြင့်ပစ္စည်းမထုတ်ခင် ပထမဦးစွာ Consignment ချပေးထားသည့်ဆိုင်သို့ ပစ္စည်းများကို Transfer လုပ်ပေးရပါမည်။

Inventory Transfer ထဲကိုဝင်ပါ။

New Inventory Transfer ကိုနှိပ်ပါ။

Date တွင် Consignment ပစ္စည်းများချပေးသည့် ရက်ကိုထည့်သွင်းပါ။

Inventory Location ၏ From တွင် ပစ္စည်းထုတ်ပေးမည့် မိမိဆိုင်ကိုထည့်သွင်းပါ။

To တွင် ပစ္စည်းလက်ခံမည့် ဆိုင်ကိုထည့်သွင်းပါ။

Inventroy Item တွင် Consignment ချပေးသည့်ပစ္စည်းကိုထည့်သွင်းပါ။

Qty တွင် Consignment ချပေးသည့်ပစ္စည်း၏ အရေအတွက်ကို ထည့်သွင်းပေးရပါမည်။

ထို့နောက် Create ကိုနှိပ်ပါ။

Consignment ပစ္စည်းထုတ်ပေးရန်အတွက် Delivery Notesထဲကိုဝင်ပါ။

New Delivery Note ကိုနှိပ်ပါ။

Delivery Date တွင် Consignment ပစ္စည်းထုတ်ပေးသည့် ရက်ကိုထည့်သွင်းပါ။

Inventory Location တွင် Consignment ချပေးသည့် ဆိုင်ကိုထည့်သွင်းပါ။

Customer တွင် ပစ္စည်းဝယ်ယူသည့် သက်ဆိုင်ရာ Customer ဆိုင်ကိုထည့်သွင်းပါ။

Item တွင် Consignment ချပေးသည့် ပစ္စည်းကိုထည့်သွင်းပါ။

Qty တွင် Consignment ချပေးသည့် ပစ္စည်း၏အရေအတွက်ကို ထည့်သွင်းပေးရပါမည်။

ထို့နောက် Create ကိုနှိပ်ပါ။

ရောင်းရသော Consignment ပစ္စည်းအတွက် အရောင်းစာရင်းထည့်သွင်းရန် ထိုဘောင်ချာထဲမှာ Copy to ကိုနှိပ်ပြီး New Sales Invoice ကိုနှိပ်ပါ။

Issue Date တွင် Consignment ပစ္စည်းရောင်းရသော ရက်ကိုထည့်သွင်းပါ။

Qty တွင် အမှန်တကယ် ရောင်းရသော Consignment ပစ္စည်း၏အရေအတွက်ကို ထည့်သွင်းပေးရပါမည်။

Consignment ချပေးထားသော ဆိုင်အတွက် Commission ပေးရပါက Add Line ကိုနှိပ်ပြီး Account တွင် Commission Sales Account ကိုထည့်သွင်းပေးရပါမည်။ Unit Price တွင် Commission ပေးသည့် ပမာဏကို (-) ခံ၍ထည့်သွင်းပေးရပါမည်။

ထို့နောက် Create ကိုနှိပ်ပါ။

မရောင်းရသော Consignment ပစ္စည်းအတွက် Return ပြန်သွင်းပေးရပါမည်။

Return ပြန်ရန်အတွက် Delivery Notes ထဲကိုဝင်ပါ။

New Delivery Note ကိုနိပ်ပါ။

Delivery Date တွင် Return ပြန်သွင်းသည့် ရက်ကိုထည့်သွင်းပါ။

Inventrory Location တွင် Consignment ချပေးထားသည့် ဆိုင်ကိုထည့်သွင်းပါ။

Item တွင် Consignment ပြန်သွင်းမည့်ပစ္စည်းကိုထည့်သွင်းပြီး Qty တွင် Return ပြန်မည့်အရေအတွက်ကို (-)ခံ၍ ထည့်ပေးရပါမည်။

ထို့နောက် Create ကိုနှိပ်ပါ။

Last updated 5 hours ago
Was this helpful?
Thanks!