Delivery Note (DN) သည် ပို့ဆောင်ခြင်းအတွက် ထုတ်ပေးသော စာရွက်စာတမ်းတစ်ခုဖြစ်ပြီး၊ ၎င်းတွင် ပို့ဆောင်မည့်ပစ္စည်းများနှင့် အချက်အလက်များပါဝင်သည်။ ငွေပေးချေမှုနှင့် မသက်ဆိုင်ဘဲ ပစ္စည်းများ တကယ်ပို့ထားကြောင်း သက်သေပြရန် အသုံးပြုသည်။
Delivery Note ဖွင့်နည်း ၃နည်း
1) Sales Order မှတစ်ဆင့် Delivery Note ဖွင့်နည်း

-
ကုန်ပစ္စည်းပေးပို့မည့် Sales Order အစောင်အား Sear bar မှတစ်ဆင့် Customer အမည် (သို့) Sales order အစောင် no ဖြင့်ရှာဖွေနိုင်ပါသည်။
-
Sales Order အစောင်တွေ့ရှိပါက View နှိပ်ပါ။

-
Copy to ကိုနှိပ်ပါ။
-
New Delivery Note ကိုနှိပ်ပါ။

-
Date တွင် ပစ္စည်းပို့ဆောင်သည့် ရက်အား ရွေးချယ်ပါ။
-
Item တွင် Order တွင်ပါဝင်သော ပေးပို့ရမည့် ပစ္စည်းများအားလုံးပေါ်လာမည်ဖြစ်ပါသည်။ ပေးပို့မည့် ပစ္စည်းများသာထားရှိပြီး မပါရှိသော Item Line များအားဖျတ်ချနိုင်ပါသည်။
-
Qty တွင် ပေးပို့သော အရေအတွက်များသာထည့်သွင်းနိုင်ပါသည်။
-
Create နှိပ်ပါ။

- ထည့်သွင်းလိုက်သော Sales Order အတွက် ပစ္စည်းပေးပို့လိုက်သည့်အခါတွင် Sales Order တွင်ကြည့်ရှု့ပါကလည်း Invoice ဖွင့်ဖို့သာကျန်ရှိသည့်အတွက် Uninvoiced ဟုပြနေမည်ဖြစ်ပါသည်။ Qty to Delivery တွင်လည်း ပစ္စည်းပေးရန်မရှိတော့သည့်အတွက် 0 ပြနေမည်ဖြစ်ပါသည်။
2) Sales Invoice မှတစ်ဆင့် Delivery Note ဖွင့်နည်း
Sales Invoice ဖွင့်ထားပြီး ပစ္စည်းရောက်ရှိမှသာ Goods Receipt ထည့်သွင်းလိုပါက

-
Sales Invoice သို့ဝင်၍ ပစ္စည်ပေးပို့မည့် ဘောင်ချာအားရှာဖွေပါ။
-
ကုန်ပို့လွှာထည့်သွင်းရန်အတွက် View နှိပ်ပါ။

- Copy to ကိုနှိပ်၍ New Delivery Note နှိပ်ပါ။

-
Date တွင်ပစ္စည်းပေးပို့သည့် ရက်အားထည့်သွင်းပါ။
-
Item တွင် Invoice ဖွင့်ထားသော ပစ္စည်းများအားလုံးပေါ်လာမည်ဖြစ်ပါသည်။ ပေးပို့သည့်ပစ္စည်းများအားရွေးချယ်ပြီး မပါရှိသော Item Line များအားဖျတ်ချနိုင်ပါသည်။
-
Qty တွင် ပေးပို့လိုက်သော အရေအတွက်များသာထည့်သွင်းနိုင်ပါသည်။
-
Create နှိပ်ပါ။
ထည့်သွင်းလိုက်သော ပစ္စည်းများ Item တွင်လျော့သွားမည်ဖြစ်ပါသည်။
3) Delivery Note သီးခြားဖွင့်နည်း
ပစ္စည်းပေးပို့သည့်အခါတွင် ကုန်ပို့လွှာထည့်ထားပြီး ဘောင်ချာပေးပို့သည့်အခါမှ Purchase Invoice ဖွင့်မည်ဖြစ်သောကြောင့် ကုန်ပို့လွှာအရင်ထည့်သွင်းထားလိုပါက
Delivery Note >> New Delivery Note

-
Date တွင်ပစ္စည်းပေးပို့သည့် ရက်အားထည့်သွင်းပါ။
-
Item တွင်ပစ္စည်းပို့လိုက်သည့် Item များအားရွေးချယ်ပါ။
-
Qty တွင် ပေးပို့သော အရေအတွက်များအားထည့်သွင်းနိုင်ပါသည်။
-
Create နှိပ်ပါ။
ပစ္စည်းပေးပို့လိုက်သည့်အတွက် သက်ဆိုရာ Item များတွင် Qty လျော့သွားမည်ဖြစ်ပါသည်။