to select ↑↓ to navigate
User Guides

User Guides

Open in ChatGPT
Ask ChatGPT about this page
Open in Claude
Ask Claude about this page

Custom Field

MSME Software တွင် Module များ၌ ထပ်မံဖြည့်စွက်လိုသော အကြောင်းအရာများရှိပါက လိုအပ်သည်များကိုထပ်မံဖြည့်သွင်းရန်အတွက် အောက်ပါအတိုင်းထည့်သွင်းနိုင်ပါသည်။

ဥပမာ-Sale Invoice အချက်အလက်များဖြည့်သွင်းရာတွင် Casheir Name ထည့်ရန်အတွက် အကွက်တစ်ကွက် ထပ်မံလိုပါက အောက်ပါအတိုင်းထည့်သွင်းနိုင်ပါသည်။

  • Setting ထဲသို့သွားပါ။

  • Custom Field ကိုနှိပ်ပါ။

လိုအပ်သည့် Field များထပ်တိုးနိုင်ရန်အတွက် ထပ်တိုးနိုင်သည့် module များ၏ခေါင်းစဥ်များအား custom field တွင်တွေ့မြင်ရမည်။

  • Sale Invoice တွင် Field တစ်ခု ထပ်တိုးလိုသည့်အတွက်ကြောင့် Sale Invoice ခေါင်းစဥ်ဘေးမှ New Custom Field ကိုနှိပ်ပါ။

  • Name တွင် Cashier Name Field ထည့်သွင်းလိုသည့်အတွက်ကြောင့် Cashire Name ဟုထည့်ပါ။
  • Position တွင် ထပ်တိုးလိုက်သောအကွက်အား ပေါ်ချင်သောနေရာထည့်ပါ။

Type တွင် ခွဲခြားနိုင်သောအချက် 6 ချက်ရှိပါသည်။

  • Single line text-ရိုက်ထည့်မည့်စာကြောင်းကို တစ်ကြောင်းထဲပြလိုပါက ထည့်သွင်းနိုင်ပါသည်။
  • Paragraph text-ရိုက်ထည့်မည့်စာကို စာပိုဒ်ဖြင့်ပြလိုပါက ထည့်သွင်းရွေးချယ်နိုင်ပါသည်။
  • Drop-down list-ကြိုတင်သတ်မှတ်ထားမည့်အမည်များရှိပါက ကြိုတင်သတ်မှတ်ထားပြီး သက်ဆိုင်ရာ module တွင် ရွေးချယ်မည်ဆိုပါက ကြိုတင်ရိုက်ထည့်လိုက်သောများကို Options for Drop-down List ကိုရွေးချယ်နိုင်သည်။
  • Image- ထပ်တိုးလိုက်သော Field အား ပုံဖြင့်ပြလိုပါက ထည့်သွင်းရွေးချယ်နိုင်ပါသည်။
  • Date-ထပ်တိုးလိုက်သော Field အား Date ဖြင့်ပြလိုပါက ထည့်သွင်းရွေးချယ်နိုင်ပါသည်။
  • Number-ထပ်တိုးလိုက်သော Field အား နံပတ်ဖြင့်ပြလိုပါက ထည့်သွင်းရွေးချယ်နိုင်ပါသည်။

လိုအပ်သည့် Field အား သတ်မှတ်လိုသည့် Type အမျိုးအစားများဖြင့်သတ်မှတ်နိုင်ပါသည်။

  • ယခုထည့်မည့် Cashier Name အား Drop-down list Type ဖြင့်ထည့်လိုက်ပါမည်။
  • Options for drop-down list အကွက်တွင် Cashier Name များအား ထည့်လိုက်ပါမည်။

  • Size တွင် သတ်မှတ်လိုသည့် Size အားရွေးချယ်ထည့်သွင်းနိုင်ပါသည်။

  • အသစ်ထည့်သွင်းလိုက်သော Field အား သက်ဆိုင်ရာ List တွင်ပြလိုပါက Show custom field as a column တွင် အမှန်ခြစ်ထည့်ပါ။
  • အသစ်ထည့်သွင်းလိုက်သော Field အား Print ထုတ်ရာတွင် ပြလိုပါက Show custom field on printed documents တွင် အမှန်ခြစ်ထည့်ပါ။
  • ထို့နောက် Create ကိုနှိပ်ပါ။

  • ထည့်သွင်းလိုက်သော Custom Field အား Sale Invoice ခေါင်းစဥ်တွင် တွေ့မြင်ရမည်။

  • Sales Invoice တွင်ပြန်ကြည့်ပါကလည်း ထပ်တိုးလိုက်သော Cashier Name အားတွေ့မြင်ရမည်။

Last updated 5 hours ago
Was this helpful?
Thanks!