to select ↑↓ to navigate
User Guides

User Guides

Open in ChatGPT
Ask ChatGPT about this page
Open in Claude
Ask Claude about this page

Production Orders​

Production Orders သည် ထုတ်လုပ်မှုလုပ်ငန်းများအတွက် ထည့်သွင်းနိုင်သည့် Module တစ်ခုဖြစ်ပါသည်။ ၎င်းသည် သင့်ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို ကြည့်ရှုခြင်းနှင့် ထိန်းချုပ်နိုင်စေပြီး၊ ကုန်ကြမ်းများမှတစ်ဆင့် အပြီးသတ်ထုတ်ကုန်များအဖြစ်သို့ ပြောင်းလဲမှုကို စီမံခန့်ခွဲနိုင်စေသည်။ကုန်ထုတ်လုပ်မှုလုပ်ငန်းဖြစ်ပါက Production Order ကို အသုံးပြုပြီး ကုန်ကျစရိတ်အသေးစိတ်တွက်ချက်နိုင်ပါတယ်။

ဥပမာ-လက်ဖက်ခြောက်လုပ်ငန်းဖြင့် ဥပမာပြပါမည်။

လက်ဖက်ခြောက်(5)ကျပ်သားထုပ် အထုပ်20ထုပ် ထုတ်လုပ်ရန်အတွက်

လက်ဖက်ခြောက် အလွတ် ကုန်ကြမ်း 1 ပိဿနှင့်

အိတ်ခွံ 20အိတ်လိုအပ်သည် ဖြစ်ပါက

လိုအပ်သည့် ကုန်ကြမ်းများ နှင့် ကုန်ချော Item များအား Inventory Item တွင် ထည့်သွင်းရမည်ဖြစ်ပါသည်။

Inventory Item ထည့်သွင်းနည်းအား Link နှိပ်၍ ကြည့်ရှု့နိုင်ပါသည်။

လိုအပ်သည့် ကုန်ကြမ်းနှင့် ထုတ်ပိုးပစ္စည်းများကိုလည်း Purchase Invoice မှဝယ်ယူရမည်။

Production ထည့်သွင်းရန်အတွက်

Production Order >> New Production Order

  • Date တွင် ကုန်ထုတ်လုပ်သည့်နေ့ကိုထည့်ပါ။
  • Finished Item တွင် ထုတ်လုပ်ပြီးနောက်ထွက်လာ‌မည့် ကုန်ချော Item ကိုထည့်ပါ။ Qty တွင် ကုန်ချောထွက်လာမည့်အရေအတွက်ကိုထည့်ပါ။
  • Bill of Materials တွင် ကုန်ချောထွက်လာရန်အသုံးပြုသော ကုန်ကြမ်းကိုထည့်ပါ။ Qty တွင် ကုန်ကြမ်းအသုံးပြုမည့်အရေအတွက်ကိုထည့်ပါ။

Add non-inventory cost into production တွင် ထုပ်လုပ်လိုက်သည့်ပစ္စည်းအရေအတွက်ပေါ်တွင် အခြားသော ကုန်ကျစရိတ်များထပ်ပေါင်းထည့်၍ တွက်လိုပါက Add non-inventory cost into production တွင်အမှန်ခြစ်ထည့်ပါ။ Account တွင် စရိတ်အနေဖြင့်ထည့်သွင်းမည့် Account အားရွေးချယ်ပါ။ Amount တွင် ထုပ်လုပ်သည့်အပေါ်တွင် ကုန်ကျသည့်စရိတ်ပမာဏအား ထည့်သွင်းပါ။

  • Create ကိုနှိပ်ပါ။

  • ထည့်သွင်းလိုက်သည့် ကုန်ပစ္စည်းအတွက် ကုန်ကျစရိတ်များအားလည်းတွက်ချက်ပေးမည်ဖြစ်ပါသည်။

Inventory item တွင် ကြည့်ရှု့ပါကလည်းထုတ်လုပ်လိုက်သော ကုန်ပစ္စည်းအတွက် ကုန်အရေအတွက် တိုးလာပြီး ကုန်ကြမ်းတွင် လျော့သွားမည်ဖြစ်ပါသည်။

Last updated 6 hours ago
Was this helpful?
Thanks!