to select ↑↓ to navigate
User Guides

User Guides

Open in ChatGPT
Ask ChatGPT about this page
Open in Claude
Ask Claude about this page

Credit Note

ရောင်းပြီးသည့် ကုန်ပစ္စည်းများအား အကြောင်းအမျိုးမျိုးကြောင့် ဝယ်သူမှ ပြန်ပို့လိုကသောပစ္စည်းများအား ပြန်လည်လက်ခံသည့် အခါတွင် Credit Note ကို အသုံးပြုနိုင်ပါသည်။

Credit Note ထည့်သွင်းနည်း (၂)နည်း

  1. Sales Invoice မှ Return ပြန်နည်း

  2. Credit Note တွင် Sales Invoice နှင့်မချိတ်ဘဲ Return ပြန်နည်း

1). Sales Invoice မှ Return ပြန်နည်း

  • Sales Invoice မှ Return ပြန်မည်ဆိုပါက Return ပြန်မည့် Sales Invoice အား Sales Invoice Search Bar တွင် ရှာဖွေပါ။

  • Return ပြန်မည့် Sales Invoice ကို တွေ့ရှိပါက View နှိပ်ပါ။

  • Sale Invoice ၏အပေါ်တွင်ရှိသော Copy to ကိုနှိပ်ပါ။

  • New Credit Note ကိုထပ်မံနှိပ်ပါ။

  • Issue Date တွင် Return ပြန်မည့်နေ့ကိုထည့်ပါ။

  • Customer, Sales Invoice No, Item , Unit Price တို့သည် Sales Invoice မှသွားထားသည်ဖြစ်သည်ကြောင့် Auto လာကျပေးမည်ဖြစ်သည်။

  • Item တွင် Return ပြန်မည့် Item များသာ ရွေးချယ်၍ Return မပြန်သော Item Line များအား ဖျတ်ပါ။

  • Qty တွင် Return ပြန်မည့်အရေအတွက်ကိုထည့်ပါ။

  • Create ကိုနှိပ်ပါ။

Customer မှပြန်ပို့လာသော ကုန်ပစ္စည်းကို Credit Noteတွင်စာရင်းသွင်းပြီးပါက ကုန်ပစ္စည်းစာရင်းများတွင် ပြန်လည်ကြည့်ရှု့ပါက ကုန်ပစ္စည်းတွင် Return ပြန်လာသော အရေအတွက် တိုးလာမည်ဖြစ်ပါသည်။

ထိုအစောင်အတွက် ငွေကျန်ရှိနေပါကလည်း ငွေကျန်ထဲမှ Return amount အားနုတ်၍ ပြမည်ဖြစ်ပြီး၊ ငွေကျန်မရှိပါက ထိုအစောင်အတွက် ငွေပြန်အမ်းရမည်ကိုပြမည်ဖြစ်ပါသည်။

2).Credit Note တွင် Sales Invoice နှင့်မချိတ်ဘဲ Return ပြန်နည်း

Credit Note >> New Credit Note

  • Issue Date တွင် Return ပြန်မည့်နေ့ကိုထည့်ပါ။

  • Customer တွင် Return ပြန်သည့် Customer ကိုထည့်ပါ။

  • Item တွင် Return ပြန်မည့်ကုန်ပစ္စည်းကိုထည့်ပါ။

  • Qty တွင် Return ပြန်မည့်အရေအတွက်ကိုထည့်ပါ။

  • Unit Price တွင်ရောင်း‌ဈေးကိုထည့်ပါ။

  • Create ကိုနှိပ်ပါ။

Customer မှပြန်ပို့လာသော ကုန်ပစ္စည်းကို Credit Note တွင်စာရင်းသွင်းပြီးပါက သက်ဆိုင်ရာ ကုန်ပစ္စည်းတွင် အရေအတွက် တိုးလာမည်ဖြစ်ပါသည်။

ငွေပြန်အမ်းစရာရှိပါကလည်း Customer တွင်ကြည့်ရှု့ပါက ငွေကျန်ရှိနေလျှင် Return ပြန်ထားသည့် amount အားနုတ်၍ ပြမည်ဖြစ်ပြီး၊ ငွေကျန်မရှိလျှင် ပြန်အမ်းရမည့်ငွေအား အနုတ်ဖြင့်ပြမည်ဖြစ်ပါသည်။

Last updated 5 hours ago
Was this helpful?
Thanks!