Share Profit
လုပ်ငန်းမှ ရှယ်ယာရှင်များအား လုပ်ငန်းမှအကျိုးအမြတ်ကို ဘတ်ဂျက်နှစ်အလိုက် ခွဲဝေပေးလေ့ရှိပါသည်။
လုပ်ငန်းမှ အကျိုးအမြတ်များကို Share ရှင်များအား ပေးရန်အတွက် Dividend Payable Account ကိုထည့်သွင်းပေးရမည်။
- Dividend Payable Account ထည့်သွင်းရန် Setting ကိုနှိပ်ပါ။
- Chart of Account ကိုနှိပ်ပါ။
- Balance Sheet ဘက်ခြမ်းရှိ New Account ကိုနှိပ်ပါ။
Name တွင်အမြတ်ဝေစုခွဲဝပေးရမည့် Dividend Payable ကိုထည့်ပါ။
Group တွင် Liabilities ကိုရွေးချယ်ပါ။
Create ကိုနှိပ်ပါ။
- ထည့်သွင်းထားသော Dividend Payable ကိုတွေ့ရမည်။
- လုပ်ငန်းမှအကျိုးအမြတ်များကို Share ရှင်များအားအမှန်တကယ် မပေးအပ်လိုက်ရသေးပဲပေးရမည့် ပမာဏအားသတ်မှတ်လိုပါက Journal Entries ကိုနှိပ်ပါ။
- New Journal Entry ကိုနှိပ်ပါ။
Date ကိုရွေးချယ်ပါ။
Currency တွင်ပေးမည့် Currency ကိုရွေးချယ်ပါ။
Account အောက်ရှိဇယားတွင် အမြတ်ဝေစုခွဲဝေပေးရမည့် ပမာဏတိုးလာမည်ဖြစ်သည့်အတွက် Dividend Payable Account ရှိ Credit ဘက်တွင်ပေးရမည့် စုစုပေါင်းပမာဏကိုထည့်သွင်းပါ။
Shareholder တစ်ဦးချင်းစီ၏ အမြတ်ဝေစုများကို အမြတ်ထဲမှခွဲဝေမည် ဖြစ်သည့်အတွက် Retained Earning Account ကိုနှိပ်ပါ။ Debit ဘက်တွင် ခွဲဝေမည့်အမြတ်ပမာဏ ကိုထည့်သွင်းပါ။
Create ကိုနှိပ်ပါ။
Summary တွင်ပြန်လည်ကြည့်ရှုပါက Liability စာရင်းအောက်တွင်ရှိသော Dividend Payable တွင်ပေးရန်ရှိသော အမြတ်ဝေစုပမာဏကိုတွေ့ရမည်ဖြစ်သည်။
- Retained Earning တွင်ပြန်လည်ကြည့်ရှုပါက Retained Earning တွင်ခွဲဝေပေးရန် ပမာဏလျော့သွားသည်ကိုတွေ့ရမည်။
- အမှန်တကယ် အမြတ်ဝေစုပေးမည်ဆိုပါက Payment ကိုနှိပ်ပါ။
- New Payment ကိုနှိပ်ပါ။
Date တွင်အမြတ်ဝေစုပေးသည့် နေ့စွဲကိုထည့်သွင်းပါ။
Account တွင်ငွေထုတ်ပေးမည့် စာရင်းကိုရွေးချယ်ပါ။
Item ဘေးရှိ Account တွင်အမြတ်ဝေစုခွဲဝေပေးမည်ဖြစ်သောကြောင့် Dividend Payable ကိုရွေးချယ်ပါ။
Unit Price တွင်ပေးရမည့် ပမာဏကိုထည့်သွင်းပါ။
Create ကိုနှိပ်ပါ။
- Shareholder များမှအမြတ်ဝေစုမယူဘဲ ရင်းနှီးမြှုပ်နှံမှု အဖြစ်ပြန်လည်ထည့်သွင်းလို့ပါက Journal Entry ကိုနှိပ်ပါ။
- New Journal Entry ကိုနှိပ်ပါ။
Date တွင်အမြတ်ဝေစုခွဲဝေပေးမည့် နေ့ကိုထည့်သွင်းပါ။
Currency တွင်ခွဲဝေပေးမည့် ငွေကြေးအမျိုးအစားကိုရွေးချယ်ပါ။
Account တွင် Capital Accounts ကိုရွေးချယ်ပါ။ ဘေးတွင် Share Holder များကိုရွေးချယ်ပါ။
Dividend Payable တွင်စုစုပေါင်းပေးမည့် ပမာဏ ကို Debit ဘက်တွင်ထည့်သွင်းပါ။
အမြတ်ဝေစုများကို ပေးမည့်အတွက် Share of Profit ကိုရွေးချယ်ပါ။ Credit ဘက်တွင်ပေးမည့်ပမာဏကို ထည့်သွင်းပါ။
Create ကိုနှိပ်ပါ။
- Report ထဲရှိ Capital Account Summary တွင်ပြန်လည်ကြည့်ရှုရန် New Report ကိုနှိပ်ပါ။
From တွင်စတင်ကြည့်ရှုမည့်နေ့ကို ရွေးချယ်ပါ။
Until တွင်ကြည့်လိုသည့် နေ့အထိကိုရွေးချယ်ပါ။
Reverse Sings နှင့် Exclude Zero Balance ကိုအမှန်ခြစ်ထည့်ပါ။
Create ကိုနှိပ်ပါ။
- ရင်းနှီးမြှုပ်နှံမှုအသေးစိတ်ကိုတွေ့ရမည်ဖြစ်သည်။
အမြတ်ဝေစုကို ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ထည့်သွင်းလိုက်သောကြောင့် Closing Balance တွင်ပမာဏတိုးလာသည်ကိုတွေ့ရမည်ဖြစ်သည်။