---
title: "Purchase Invoices\u200b\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t"
space: "User Guides"
url: "https://www.msmebooks.com/docs/user/guides/purchase-invoices\u200b"
updated: "2026-06-26"
---

Purchase Invoice သည် ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို အရောင်းသူမှ အဝယ်သူထံ ပေးပို့သော စာရွက်စာတမ်းဖြစ်ပြီး၊ ယင်းတွင် တန်ဖိုး၊ အခွန်များနှင့် စုစုပေါင်း ကျသင့်ငွေများ ပါဝင်ပါသည်။ ၎င်းသည် ငွေပေးချေမှု မျှောမှန်းခြင်းနှင့် ကုန်သွယ်မှုမှတ်တမ်းအဖြစ် အသုံးပြုသည်။

Purchase Invoice အား နည်းလမ်း ၃ နည်းဖြင့်ထည့်သွင်းနိုင်သည်။

1) [Purchase Order မှ Purchase Invoice ထည့်သွင်းခြင်း](https://msmebooks.bcnerp.com/docs/user/guides/purchase-invoices%E2%80%8B#1-purchase-order-%E1%80%99%E1%80%BE-purchase-invoice-%E1%80%91%E1%80%8A%E1%80%BA%E1%80%B7%E1%80%9E%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8)

2) [Goods Receipt မှ Purchase Invoice ထည့်သွင်းခြင်း](https://msmebooks.bcnerp.com/docs/user/guides/purchase-invoices%E2%80%8B#2-goods-receipt-%E1%80%99%E1%80%BE-purchase-invoice-%E1%80%91%E1%80%8A%E1%80%BA%E1%80%B7%E1%80%9E%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8)

3) [Purchase Invoice ထည့်သွင်းခြင်း](https://msmebooks.bcnerp.com/docs/user/guides/purchase-invoices%E2%80%8B#3-purchase-invoice-%E1%80%91%E1%80%8A%E1%80%BA%E1%80%B7%E1%80%9E%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8)

#### 1) Purchase Order မှ Purchase Invoice ထည့်သွင်းခြင်း

**Purchase Order မှ တစ်ဆင့် Purchase Invoice ထည့်သွင်းသည့်အခါတွင် ထို Purchase Order သည် Track Qty to receipt တွင်အမှန်ခြစ်မထည့်ထားပါက Purchase Invoice ဖွင့်လိုက်သည့်အချိန်တွင် ပစ္စည်းတစ်ခါတည်း ဝင်မည်ဖြစ်ပြီး ။ Track Qty to Receipt တွင်အမှန်ခြစ်ထည့်ထားပါက Goods Receipt ဖြင့်လက်ခံမှသာ ပစ္စည်းဝင်မည်ဖြစ်ပါသည်။**

Purchase Order မှတစ်ဆင့် Purchase Invoice ဖွင့်ရန်အတွက်

![](/files/Screenshot 2025-03-01 133242.png)

* သက်ဆိုင်ရာ Purchase Order အားရှာဖွေ၍ View ကိုနှိပ်ပါ။

![](/files/Screenshot 2025-03-01 133706.png)

* Copy to ကိုနှိပ်၍ New Purchase Invoice ကိုနှိပ်ပါ။

![](/files/Screenshot 2025-03-01 133828.png)

* Date တွင် Supplier ဘက်မှပေးသည့် Invoice ပေါ်တွင်ပါဝင်သော Date အားရွေးချယ်ပါ။

* Purchase Order တွင်ဖွင့်ထားခဲ့သည့်အတိုင်း Invoice ပေါ်တွင်ပါလာမည်ဖြစ်ပါသည်။ 

* Qty နှင့် ဈေးနှုန်းများ ပြင်ဆင်လိုပါက ပြင်ဆင်နိုင်ပါသည်။

* အချက်အလက်အားလုံးပြည့်စုံပါက Create နှိပ်ပါ။

Invoice ထည့်သွင်းလိုက်သည့်အတွက် Payable တွင် ပေးရန်ရှိတိုးလာကြောင်းတွေ့မြင်ရမည်ဖြစ်ပါသည်။

#### 2) Goods Receipt မှ Purchase Invoice ထည့်သွင်းခြင်း

ကုန်လက်ခံထည့်သွင်းထားသော ဘောင်ချာမှတစ်ဆင့် Purchase Invoice ဖွင့်ရန်အတွက်

![](/files/Screenshot 2025-03-01 135425.png)

* Goods Receipt သို့သွာ၍ Purchase Invoice ဖွင့်မည့် Goods Receipt ဘောင်ချာအားရှာဖွေပါ။

* တွေ့ရှိပါက View ကိုနှိပ်ပါ။

* Copy to ကိုနှိပ်၍ New Purchase Invoice ကိုနှိပ်ပါ။

![](/files/viber_image_2025-03-08_15-53-37-187.jpg)

* Date တွင် Supplier ဘက်မှပေးသည့် Invoice ပေါ်တွင်ပါဝင်သော Date အားရွေးချယ်ပါ။

* Purchase Order တွင်ဖွင့်ထားခဲ့သည့်အတိုင်း Invoice ပေါ်တွင်ပါလာမည်ဖြစ်ပါသည်။ 

* Qty နှင့် ဈေးနှုန်းများ ပြင်ဆင်လိုပါက ပြင်ဆင်နိုင်ပါသည်။

* အချက်အလက်အားလုံးပြည့်စုံပါက Create နှိပ်ပါ။

Invoice ထည့်သွင်းလိုက်သည့်အတွက် Payable တွင် ပေးရန်ရှိတိုးလာကြောင်းတွေ့မြင်ရမည်ဖြစ်ပါသည်။

#### 3) Purchase Invoice ထည့်သွင်းခြင်း

**Purchase order တင်စရာမလိုဘဲ ဘောင်ချာရောက်လာသည်နှင့်တစ်ပြိုင်နက် ပစ္စည်းပါရောက်ရှိလာခြင်းဖြစ်ပါက Purchase Invoice တစ်မျိုးတည်းဖွင့်၍ ပစ္စည်းအဝင် Payabl ဖော်ခြင်းအားထည့်သွင်းနိုင်ပါသည်။**

**Purchase Invoice ဖွင့်သည့်တစ်ပြိုင်နက် ပစ္စည်းအဝင်တစ်ခါတည်းသွင်းမည်ဖြစ်ပါက Item သတ်မှတ်သည့်အခါတွင် ထို Item သည် Track quantity to receive တွင် အမှန်ခြစ်ထည့်သွင်းထားခြင်းမရှိမှသာ Purchase Invoice ဖွင့်လိုက်သည့်တစ်ပြိုင်နက် ကုန်ပစ္စည်းအဝင်တစ်ခါတည်းဝင်မည်ဖြစ်ပါသည်။**
> Purchase Invoice >> New Purchase Invoice

![](/files/Screenshot 2025-03-01 140925.png)

* Date တွင် ဝယ်ယူသည့်ရက်အားထည့်သွင်းပါ။

* Supplier ရွေးချယ်ပါ။

* Item တွင် ဝယ်ယူသော ပစ္စည်းကိုထည့်ပါ။

* Qty တွင် ဝယ်ယူသည့် အရေအတွက်ကိုထည့်ပါ။

* Unit Price တွင်ဝယ်ဈေးကိုထည့်သွင်းပါ။

* Item ထပ်တိုး၍ ထည့်သွင်းလိုပါက Add Line ကိုနှိပ်၍ ထပ်မံထည့်သွင်းနိုင်ပါသည်။

* ပစ္စည်းဝယ်ယူသည့်အခါ တွင် Dis များရရှိသောကြောင့် Discount သတ်မှတ်ထားလိုပါက Discount တွင်အမှန်ခြစ်ထည့်၍ ရရှိသော Discount သည် Amount ဖြင့်ရရှိပါက Exect Amount ရွေးချယ်ပါ။ Percentage ဖြင့် Dis ရရှိပါက Percentage ရွေးချယ်ပါ။

* Create ကိုနှိပ်ပါ။

Purchase Invoice ထည့်သွင်းလိုက်သောကြောင့် သက်ဆိုင်ရာ Payable နှင့် Inventory Account များတိုးလာသည်အားကြည့်ရှု့နိုင်ပါသည်။