---
title: "Prepaid Office Rent"
space: "User Guides"
url: "https://www.msmebooks.com/docs/user/guides/prepaid-office-rent"
updated: "2026-06-26"
---

**Prepaid office rent ဆိုသည်မှာ အငှားသက်တမ်းမစတင်မီ ရုံးခန်းအငှားကြေးကို ကြိုတင်ပေးချေခြင်းဖြစ်သည်။ ၎င်းကို ပိုင်ဆိုင်မှု (Asset) အဖြစ် ငွေစာရင်းတွင် မှတ်တမ်းတင်ပြီး၊ အငှားသက်တမ်းကုန်ဆုံးသွားသည့် လတိုင်းတွင် တဖြည်းဖြည်း စရိတ် (Expense) အဖြစ် စာရင်းတွင် မှတ်တမ်းတင်လေ့ရှိသည်။**

Prepaid Office Rent အားစာရင်းသွင်းရာတွင် အချက် (၂)ချက်ဖြင့်စာရင်းသွင်းရမည်။
    
1) [Prepaid Office Rent ကြိုတင်ငွေ ပေးချေခြင်းနှင့်](https://msmebooks.bcnerp.com/docs/user/guides/prepaid-office-rent#1-prepaid-office-rent-%E1%80%91%E1%80%8A%E1%80%BA%E1%80%B7%E1%80%9E%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8)
    
2) Rent Expenses (လကုန်သည့်အခါတိုင်းတွင် ဌားရမ်းစရိတ်အဖြစ်ပြခြင်း) 
    
**Chart of account တွင် Bance Sheet ဘက်ခြမ်း၏ Assets အောက်တွင် Prepaid Office Rent account ထည့်သွင်းပါ။ Profit and Loss Statement ဘက်ခြမ်းတွင် Rent Expenses Account မရှိသေးပါက Rent Expenes Account ထည့်သွင်းပါ။**

[Chart of Account ထည့်သွင်းနည်းအသေးစိတ်အား Link ကိုနှိပ်၍ ကြည့်ရှု့နိုင်ပါသည်။](https://msmebooks.bcnerp.com/docs/user/guides/chart-of-accounts#balance-sheet-account%E1%80%91%E1%80%8A%E1%80%BA%E1%80%B7%E1%80%9E%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%8A%E1%80%BA%E1%80%B8)

#### 1) Prepaid Office Rent ထည့်သွင်းခြင်း

ကြိုတင်ငွေပေးချေရန်အတွက်

> Payment >> New Payment Entry

![](/files/Screenshot 2025-03-10 160604.png)

* Date တွင် ငွေကြိုတင်ပေးချေလိုက်သည့်ရက်အားထည့်သွင်းပါ။

* Paid From တွင်ငွေထုပ်ပေးလိုက်သည့် Cash (or)Bank အားရွေးချယ်ပါ။

* Description ထည့်သွင်းလိုပါက ထည့်သွင်းနိုင်ပါသည်။

* Account တွင် Prepaid Rent Account အားထည့်သွင်းပါ။

* Amount တွင် ကြိုတင်ငွေပေးချေလိုက်သည့် Amount total အားထည့်သွင်းပါ။

* Create နှိပ်ပါ။

![](/files/Screenshot 2025-03-10 161100.png)

* Prepaid office rent တွင်တိုးလာပြီး Cash တွင် လျော့သွားမည်ဖြစ်ပါသည်။

#### 2) Rent Expenses (လကုန်သည့်အခါတိုင်းတွင် ဌားရမ်းစရိတ်အဖြစ်ပြခြင်း)

ကြိုတင်ငွေပေးထားသော Prepaid များအား လကုန်သည့်အခါတိုင်းတွင် စရိတ်အဖြစ်ပြရမည်ဖြစ်ပါသည်။

စရိတ်အဖြစ်ပြရာတွင် လတိုင်း Manual ရိုက်မထည့်ဘဲ လစဥ် Auto Journal ကျခြင်းဖြင့် ထည့်သွင်းနိုင်ပါသည်။

> Setting >>> Recurring Journal Entries >> New Recurring Journal Entries

![](/files/Screenshot 2025-03-10 161857.png)

* Date တွင် စရိတ်စတင်ပြမည့်ရက်အားထည့်သွင်းပါ။

* Interval တွင် 1လ 1ခါ စရိတ်ပြမည့်ဖြစ်သည့်အတွက် 1 Month အားရွေးချယ်ပါ။

* Until Further Notice တွင် custom အားရွေးချယ်၍ expenses နောက်ဆုံးပြမည့်လအားထည့်သွင်းပါ။

* Line 1 Account တွင် Rent Expenses အားရွေးချယ်ပါ။ Amount  တွင် တစ်လစာဌားရမ်းစရိတ်ပမာဏအား Debit တွင်ထည့်သွင်းပါ။

* Line 2 Account တွင် 1လကုန်သွားသည့်အခါတိုင်း Prepaid Rent account မှ လျော့ရမည်ဖြစ်သောကြောင့် Prepaid Rent Account အားရွေးချယ်ပါ။ Amount တွင် တစ်လကုန်တိုင်း တစ်လစာပမာဏ လျော့ရမည်ဖြစ်သောကြောင့် တစ်လစာဌားရမ်းစရိတ်ပမာဏအား Credit တွင်ထည့်သွင်းပါ။

* Automatic Reference တွင်အမှန်ခြစ်ထည့်ပါ။

* Create နှိပ်ပါ။

**ထိုRecuring Journal Entry သည် လစဥ်တိုင်းထည့်သွင်းရန်မလိုပါ။ Prepaid Office Rent ထည့်သွင်းသည့်အချိန်တွင် တစ်ခါထည့်သွင်းပေးရန်သာလိုအပ်ပါသည်။**

![](/files/Screenshot 2025-03-10 162339.png)

* လကုန်သည့်အခါတိုင်း Journal Entry ဘေးတွင် အဝါရောင်+1 ပြနေမည်ဖြစ်ပါသည်။

![](/files/Screenshot 2025-03-10 162516.png)

* ထို Journal Entry Form ထဲတွင် There is one more recurring journal entry pending to be created စာကြောင်းအားတွေ့ရမည်ဖြစ်ပါသည်။

* ထို စာကြောင်းအားနှိပ်ပါ။

![](/files/Screenshot 2025-03-10 162731.png)

* စရိတ်ထည့်သွင်းရမည့် Journal entry တစ်စောင်ကျနေမည်ဖြစ်ပါသည်။ ထိုအကြောင်းအားအမှန်ခြစ်ထည့်၍ Batch Create ကိုနှိပ်ပါ။

![](/files/Screenshot 2025-03-10 162937.png)

* Assets အောက်ရှိ Prepaid office rent account တွင် တစ်လစာလျော့သွားမည်ဖြစ်ပြီး

![](/files/Screenshot 2025-03-10 163012.png)

* Expenses အောက်ရှိ Rent Expenses တွင် တစ်လစာစရိတ်တိုးသွားမည်ဖြစ်ပါသည်။

**လစဥ်တိုင်းထိုနည်းလမ်းအတိုင်းစရိတ်ထည့်သွင်း၍ ကုန်ဆုံးသည့်နောက်ပိုင်းတွင် ထပ်မံ၍ Journal ကျတော့မည်မဟုတ်ပါ။**

**ထပ်မံ၍ ရုံးခန်းဌားခထပ်မံပေးသွင်းပါက ပထမအဆင့်မှစတင်၍ ပြန်လည်လုပ်ဆောင်ရမည်ဖြစ်ပါသည်။**
