Payslip
- MSME Books တွင်ဝန်ထမ်းစာရင်းနှင့် လစာများ၊ ဝန်ထမ်းလာစာဖြတ်ပိုင်းများအား ထည့်သွင်းနိုင်ပါသည်။
- ဝန်ထမ်းလစာပေးချေရာတွင်ဝန်ထမ်းများ၏အမည်ကို ဦးစွာသတ်မှတ်ရမည်။
- ဝန်ထမ်းအမည်များအား သတ်မှတ်ရန် …
- Employee ကိုနှိပ်ပါ။

- New Employee ကိုနှိပ်ပါ။

- ဝန်ထမ်းအမည်ကိုထည့်သွင်းပါ။
- လိပ်စာနှင့် Email ထည့်သွင်းလိုပါကထည့်သွင်းနိုင်ပါသည်။
- Create ကိုနှိပ်ပါ။

- ထည့်သွင်းထားသော ဝန်ထမ်းအမည်ကိုတွေ့ရမည်။

အခြားသောဝန်ထမ်းအမည်များကိုလည်း ထိုနည်းအတိုင်းထည့်သွင်းနိုင်ပါသည်။
ဝန်ထမ်းကိုလစာပေးမည့်ခေါင်းစဥ်များသတ်မှတ်လိုပါက Settings ကိုနှိပ်ပါ။

- Payslip items ကိုနှိပ်ပါ။

- ဝန်ထမ်းကိုပေးချေမည့်လုပ်ခ/လစာခေါင်းစဥ်များကို Payslip Earning Items တွင်ထည့်ပါ။
- ဝန်ထမ်းကိုဖြတ်တောက်မည့်လုပ်ခ/လစာခေါင်းစဥ်များကို Payslip Deduction Item တွင်ထည့်ပါ။
- ဝန်ထမ်းကို SSB များပေးသည်ရှိပါက Contribution Item တွင်ထည့်သွင်းနိုင်ပါသည်။

စာရင်းခေါင်းစဥ်များကိုထည့်မည့်ဆိုပါက
- New Payslip Item ကိုနှိပ်ပါ။

- လုပ်ခ / လစာခေါင်းစဥ်များကို Name တွင်ထည့်ပါ။
- သက်ဆိုင်ရာ Expenses Account နှင့်ချိတ်ပါ။
- Create ကိုနှိပ်ပါ။


- ထည့်သွင်းထားသော လုပ်ခ/လစာခေါင်းစဥ်များကိုတွေ့ရမည်။

လုပ်ခ/လစာ ဖြတ်တောက်မှုများရှိပါက…
- Payslip Deduction Items တွင် New Payslip Item ကိုနှိပ်ပါ။


- Name ထည့်ပါ။
- Account တွင်သက်ဆိုင်ရာ Account နှင့်ချိတ်ပါ။
- Create ကိုနှိပ်ပါ။


- ထည့်သွင်းထားသော လုပ်ခ/လစာ ဖြတ်တောက်မှုကိုတွေ့ရမည်ဖြစ်သည်။


ဝန်ထမ်းကို SSB များပေးသည် လုပ်ခ/လစာ ထည့်ဝင်မှုများကိုထည့်လိုပါက


- Name ထည့်ပါ။
- သက်ဆိုင်ရာ Expense Account နှင့် Liabilities Account ကိုချိတ်ပါ။
- Create ကိုနှိပ်ပါ။

ဝန်ထမ်းတွေ၏လစာကိုတလတခါ Payslip သွားမထည့်ဘဲ Auto လာကျချင်သည်ဆိုပါက Setting ထဲသို့သွားပါ။

- New Recurring Payslip ကိုနှိပ်ပါ။

- Date တွင် လစာပေးမည့်နေ့ကိုထည့်ပါ။
- Interval တွင်တစ်လတစ်ခါပေးမည့်ဆိုပါက 1 ကိုနှိပ်ပါ။
- လအလိုက်ပေးမည့်ဆိုပါက Month(s) ကိုရွေးပါ။ တရက်ချင်းပေးမည်ဆိုပါက Day(s) ကိုရွေးပါ။
- Employee ကိုရွေးပါ။
- Earning တွင်ဝန်ထမ်းကိုပေးမည့်စာရင်းခေါင်းစဥ်ကိုထည့်ပါ။
- Units တွင် 30 ရက်နေ့ပေးမည့်ဆိုပါက 30 ကိုထည့်ပါ။ 31 ရက်နေ့နှင့်ပေးမည်ဆိုပါက 31 ရက်နေ့ကိုထည့်ပါ။
- Unit Price တွင်တစ်ရက်စာပေးသည့် Amount ကိုထည့်ပါ။ (သို့မဟုတ်) Unit Price တွင် Total Amount ကိုထည့်ပါ။
- လစာဖြတ်တောက်မည်ဆိုပါက Deduction တွင်ထည့်ပါ။
- ထို့နောက် Create ကိုနှိပ်ပါ။

- Payslips Module တွင် Alart လာပြသည်ကိုတွေ့ရပါသည်။

- There is at least one recurring payslip pending to be issued ကိုနှိပ်ပါ။

- Payslip အစောင်များကျလာပါက Ticks လုပ်၍ Batch Create ကိုနှိပ်ပါ။

- ထိုအခါ Payslip အစောင်များကျလာသည်ကိုတွေ့ရပါသည်။

Summary တွင်ကြည့်ပါကလည်း Employee Clearing Account တွင် ဝန်ထမ်းကိုပေးရန်ရှိသည်ဟုလာပြမည်ဖြစ်သည်။

ဝန်ထမ်းကိုလစာပေးမည်ဆိုပါက Employee သို့သွားပါ။
- Amount to Pay အောက်ရှိ Total Amount ကိုနှိပ်ပါ။

- ထို့သို့ပေါ်လာပါက New Payment ကိုနှိပ်ပါ။

- Paid From တွင်ငွေပေးလိုက်သော Cash Book ကိုထည့်ပါ။
- ထို့နောက် Create ကိုနှိပ်ပါ။

ထိုအခါ Summary တွင် Employee Clearing Account တွင်လက်ကျန်မရှိတော့သည်ကိုတွေ့ရပါသည်။

Last updated 5 hours ago