---
title: "Payment"
space: "User Guides"
url: "https://www.msmebooks.com/docs/user/guides/payment"
updated: "2026-06-26"
---

**လုပ်ငန်းမှ ငွေထွက်သည့် ငွေအထွက်စာရင်းများ၊ Supplier များအား ငွေပေးချေခြင်းများအား MSME Books ၏ Payment တွင် ထည့်သွင်းနိုင်ပါသည်။**

Supplier အား ငွေချေသည့် Payment ထည့်သွင်းသည့်အခါတွင် USD Supplier များအား MMK ဖြင့် ငွေချေချင်း၊ MMK Supplier များအား MMMK ဖြင့်ငွေချေခြင်း၊ USD Supplier များအား USD ဖြင့်ငွေချေခြင်း များထည့်သွင်းနိုင်သလို ၊ အခြားသော အသုံးစရိတ်များအားလည်း ထည့်သွင်းနိုင်သည်။

1) [MMK Supplier အား MMK ဖြင့်ငွေချေခြင်း](https://msmebooks.bcnerp.com/docs/user/guides/payment#1-mmk-supplier-%E1%80%A1%E1%80%AC%E1%80%B8-mmk-%E1%80%96%E1%80%BC%E1%80%84%E1%80%BA%E1%80%B7%E1%80%84%E1%80%BD%E1%80%B1%E1%80%81%E1%80%BB%E1%80%B1%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8)

2) [USD Supplier အား MMK ဖြင့်ငွေချေခြင်း](https://msmebooks.bcnerp.com/docs/user/guides/payment#2-usd-supplier-%E1%80%A1%E1%80%AC%E1%80%B8-mmk-%E1%80%96%E1%80%BC%E1%80%84%E1%80%BA%E1%80%B7%E1%80%84%E1%80%BD%E1%80%B1%E1%80%81%E1%80%BB%E1%80%B1%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8)

3) [အခြားသော အသုံးစရိတ်များထည့်သွင်းနည်း](https://msmebooks.bcnerp.com/docs/user/guides/payment#3-%E1%80%A1%E1%80%81%E1%80%BC%E1%80%AC%E1%80%B8%E1%80%9E%E1%80%B1%E1%80%AC-%E1%80%A1%E1%80%9E%E1%80%AF%E1%80%B6%E1%80%B8%E1%80%85%E1%80%9B%E1%80%AD%E1%80%90%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%91%E1%80%8A%E1%80%BA%E1%80%B7%E1%80%9E%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%8A%E1%80%BA%E1%80%B8)

### 1) MMK Supplier အား MMK ဖြင့်ငွေချေခြင်း

1. [Purchase Invoice မှ Invoice တစ်စောင်ခြင်းအား ရွေးချယ်၍ ငွေပေးချေနည်း။](https://msmebooks.bcnerp.com/docs/user/guides/payment#1-purchase-invoice-%E1%80%99%E1%80%BE-invoice-%E1%80%90%E1%80%85%E1%80%BA%E1%80%85%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8-%E1%80%9B%E1%80%BD%E1%80%B1%E1%80%B8%E1%80%81%E1%80%BB%E1%80%9A%E1%80%BA%E1%81%8D-%E1%80%84%E1%80%BD%E1%80%B1%E1%80%81%E1%80%BB%E1%80%B1%E1%80%94%E1%80%8A%E1%80%BA%E1%80%B8)

2. [Purchase Invoice များကိုလုံးပေါင်းငွေချေနည်း။](https://msmebooks.bcnerp.com/docs/user/guides/payment#2-purchase-invoice-%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%80%E1%80%AD%E1%80%AF%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%84%E1%80%BD%E1%80%B1%E1%80%81%E1%80%BB%E1%80%B1%E1%80%94%E1%80%8A%E1%80%BA%E1%80%B8%E1%81%8B)

3. [ငွေကြိုပေး ထည့်သွင်းခြင်း](https://msmebooks.bcnerp.com/docs/user/guides/payment#3-%E1%80%84%E1%80%BD%E1%80%B1%E1%80%80%E1%80%BC%E1%80%AD%E1%80%AF%E1%80%95%E1%80%B1%E1%80%B8%E1%80%91%E1%80%8A%E1%80%BA%E1%80%B7%E1%80%9E%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8)

4. [ငွေတဝက်ပေးချေနည်း](https://msmebooks.bcnerp.com/docs/user/guides/payment#4-%E1%80%84%E1%80%BD%E1%80%B1%E1%80%90%E1%80%9D%E1%80%80%E1%80%BA%E1%80%95%E1%80%B1%E1%80%B8%E1%80%81%E1%80%BB%E1%80%B1%E1%80%94%E1%80%8A%E1%80%BA%E1%80%B8)

#### 1. Purchase Invoice မှ Invoice တစ်စောင်ခြင်းအား ရွေးချယ်၍ ငွေချေနည်း
* Purchase Invoice နှိပ်ပါ။
* မိမိငွေချေလိုသော Purchase Invoice အစောင်အားရွေးချယ်ပါ။
* Search Bar တွင် Supplier အမည်ဖြင့်ရှာလိုပါက ရှာဖွေနိုင်သည်။ Voucher No ဖြင့်ရှာလိုပါက Voucher no ဖြင့်ရှာဖွေနိုင်ပါသည်။
* View (သို့) Balance Due မှငွေကျန်နေသော Amount အပြာရောင်အားနှိပ်ပါ။

![](/files/Screenshot 2025-02-24 124638.png)

* New Payment ကိုနှိပ်ပါ။

![](/files/Screenshot 2025-02-24 125443.png) ![](/files/Screenshot 2025-02-24 125631.png)

* Date တွင် ငွေပေးချေသည့်ရက်အား ရွေးချယ်ပါ။

* Paid Form တွင် ငွေပေးချေသည့် ငွေစာရင်း Account အားရွေးချယ်ပါ။

* Description တွင် ထည့်သွင်းလိုသော အကြောင်းအရာအားရွေးချယ်ပါ။

* Amount တွင် ငွေချေသည့် Amount အားထည့်သွင်းပါ။

* Line Description ထည့်သွင်းလိုပါက Column — Description တွင်အမှန်ခြစ်ထည့်ပါ။

* Create နှိပ်ပါ။

![](/files/viber_image_2025-02-24_13-47-27-569.jpg)

မိမိငွေရှင်းလိုက်သော Invoice တွင် ငွေကျေသွားသည်အတွက် Paid in full ဖြင့်တွေ့မြင်ရမည်ဖြစ်ပါသည်။

![](/files/Screenshot 2025-02-24 141713.png)

#### 2. Purchase Invoice များကိုလုံးပေါင်းငွေချေနည်း။

ဝယ်ယူထားသော ဘောင်ချာများအတွက် ငွေရှင်းရာတွင် လုံးပေါင်းငွေရှင်းလိုက်ပါက ယခုပြသသောပုံစံအတိုင်းထည့်သွင်းနိုင်သည်။

(ဥပမာ: မိမိဝယ်ယူထားသော ဘောင်ချာ စုစုပေါင်း 5စောင်ရှိသည် 3စောင်စာအတွက် ငွေချေရန်ကျန်သည့် Total Amount သည် 50,000 ကျန်သည်ဆိုပါက Invoice တစ်စောင်ချင်းအတွက် ဘယ်လောက် Amount ဟု ငွေမရှင်းဘဲ လုံးပေါင်း ပမာဏတစ်ခုဖြစ်သည့် ငွေ 20,000 အား ငွေရှင်းလိုက်သည့်အခါယခုပုံစံအတိုင်းထည့်သွင်းနိုင်သည်။ )

* Payment ကိုနှိပ်ပါ။

* New Payment ကိုနှိပ်ပါ။

![](/files/Screenshot 2025-02-24 142916.png)

* Date တွင် ငွေပေးချေသည့် ရက်အား ရွေးချယ်ပါ။

* Paid Form တွင် ငွေပေးချေသည့် ငွေစာရင်း Account အားရွေးချယ်ပါ။

* Description တွင် ထည့်သွင်းလိုသော အကြောင်းအရာအားရွေးချယ်ပါ။

* Account တွင် သက်ဆိုင်ရာ Account Payable အားရွေးချယ်ပါ။

* Supplier တွင် ငွေရှင်းပေးမည့် Supplier အမည်အားရွေးချယ်ပါ။

* Amount တွင် ငွေရှင်းသည့် Amount Total အား ထည့်သွင်းပါ။

* Line Description ထည့်သွင်းလိုပါက Column — Description တွင်အမှန်ခြစ်ထည့်ပါ။

* Create နှိပ်ပါ။

![](/files/viber_image_2025-02-24_14-34-03-165.jpg)

#### 3. ငွေကြိုပေးထည့်သွင်းခြင်း

ပစ္စည်းများမှာယူထားသည့်အချိန်တွင် ပစ္စည်းများမရသေးဘဲ ငွေအားကြိုတင်ရှင်းပေးထားရပါက Payment ဖြင့် ငွေကြိုရှင်းထားသည်အား ထည့်သွင်းရမည်။

* Payment ကိုနှိပ်ပါ။

* New Payment ကိုနှိပ်ပါ။

![](/files/Screenshot 2025-02-24 142916.png)

* Date တွင် ငွေကြိုတင်ပေးချေထားသည့် ရက်အား ရွေးချယ်ပါ။

* Paid Form တွင် ငွေပေးချေသည့် ငွေစာရင်း Account အားရွေးချယ်ပါ။

* Description တွင် ထည့်သွင်းလိုသော အကြောင်းအရာအားရွေးချယ်ပါ။

* Account တွင် သက်ဆိုင်ရာ Account Payable အားရွေးချယ်ပါ။

* Supplier တွင် ငွေကြိုရှင်းပေးထားသော Supplier အမည်အားရွေးချယ်ပါ။

* Amount တွင် ငွေကြိုရှင်းထားသည့် Amount အားထည့်သွင်းပါ။

* Line Description ထည့်သွင်းလိုပါက Column — Description တွင်အမှန်ခြစ်ထည့်ပါ။

* Create နှိပ်ပါ။

![](/files/viber_image_2025-02-24_14-34-03-165.jpg)

#### 4. ငွေတဝက်ပေးချေနည်း

ဘောင်ချာတစ်စောင်စာအတွက် ငွေအကုန်မချေဘဲ ငွေတစ်ဝက်ပဲအရင်ချေထားပါက ယခုပြသော ပုံစံအတိုင်းထည့်သွင်းနိုင်သည်။

ယခုပြထားသော ဘောင်ချာအတွက် ငွေတစ်ဝက်ပေးချေပါက သက်ဆိုင်ရာ ဘောင်ချာမှ View ကိုနှိပ်ပါ။ (သို့) Balance Due မှ ငွေကျန်နေသော Amount အပြာရောင်အားနှိပ်ပါ။

![](/files/Screenshot 2025-02-24 145430.png)

New Payment ကိုနှိပ်ပါ။

![](/files/Screenshot 2025-02-24 145738.png)


* Date တွင် ငွေပေးချေသည့်ရက်အား ရွေးချယ်ပါ။

* Paid Form တွင် ငွေပေးချေသည့် ငွေစာရင်း Account အားရွေးချယ်ပါ။

* Description တွင် ထည့်သွင်းလိုသော အကြောင်းအရာအားရွေးချယ်ပါ။

* Amount တွင် ငွေတစ်ဝက်ပေးချေသည့် Amount အားထည့်သွင်းပါ။

* Line Description ထည့်သွင်းလိုပါက Column — Description တွင်အမှန်ခြစ်ထည့်ပါ။

* Create နှိပ်ပါ။

![](/files/viber_image_2025-02-24_14-58-54-503.jpg)

ငွေချေလိုက်သည့်အတွက်သက်ဆိုင်ရာဘောင်ချာတွင် ငွေတစ်ဝက်ကျေသွားမည်ဖြစ်ပါသည်။

### 2) USD Supplier အား MMK ဖြင့်ငွေချေခြင်း

1. [USD Purchase Invoice အတွက် Invoice တစ်စောင်ခြင်းအား ရွေးချယ်၍ MMK ဖြင့် ငွေပေးချေနည်း။](https://msmebooks.bcnerp.com/docs/user/guides/payment#1-usd-purchase-invoice-%E1%80%A1%E1%80%90%E1%80%BD%E1%80%80%E1%80%BA-invoice-%E1%80%90%E1%80%85%E1%80%BA%E1%80%85%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8-%E1%80%9B%E1%80%BD%E1%80%B1%E1%80%B8%E1%80%81%E1%80%BB%E1%80%9A%E1%80%BA%E1%81%8D-mmk-%E1%80%96%E1%80%BC%E1%80%84%E1%80%BA%E1%80%B7-%E1%80%84%E1%80%BD%E1%80%B1%E1%80%95%E1%80%B1%E1%80%B8%E1%80%81%E1%80%BB%E1%80%B1%E1%80%94%E1%80%8A%E1%80%BA%E1%80%B8%E1%81%8B)
2. [Multi Unpaid USD Purchase Invoice များအတွက် လုံးပေါင်းပမာဏပေး၍ MMKဖြင့် ငွေချေခြင်း](https://msmebooks.bcnerp.com/docs/user/guides/payment#2-multi-unpaid-usd-purchase-invoice-%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%A1%E1%80%90%E1%80%BD%E1%80%80%E1%80%BA-%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%99%E1%80%AC%E1%80%8F%E1%80%95%E1%80%B1%E1%80%B8%E1%81%8D-mmk%E1%80%96%E1%80%BC%E1%80%84%E1%80%BA%E1%80%B7-%E1%80%84%E1%80%BD%E1%80%B1%E1%80%81%E1%80%BB%E1%80%B1%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8)
3. [USD Supplier အား MMK ဖြင့်ငွေကြိုပေးထည့်သွင်းခြင်း](https://msmebooks.bcnerp.com/docs/user/guides/payment#3-usd-supplier-%E1%80%A1%E1%80%AC%E1%80%B8-mmk-%E1%80%96%E1%80%BC%E1%80%84%E1%80%BA%E1%80%B7%E1%80%84%E1%80%BD%E1%80%B1%E1%80%80%E1%80%BC%E1%80%AD%E1%80%AF%E1%80%95%E1%80%B1%E1%80%B8%E1%80%91%E1%80%8A%E1%80%BA%E1%80%B7%E1%80%9E%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8)
4. [USD Supplier အား MMK ဖြင့်ငွေတဝက်ပေးချေနည်း](https://msmebooks.bcnerp.com/docs/user/guides/payment#4-usd-supplier-%E1%80%A1%E1%80%AC%E1%80%B8-mmk-%E1%80%96%E1%80%BC%E1%80%84%E1%80%BA%E1%80%B7%E1%80%84%E1%80%BD%E1%80%B1%E1%80%90%E1%80%9D%E1%80%80%E1%80%BA%E1%80%95%E1%80%B1%E1%80%B8%E1%80%81%E1%80%BB%E1%80%B1%E1%80%94%E1%80%8A%E1%80%BA%E1%80%B8)

USD Supplier များအား MMK ဖြင့် ငွေပေးချေပါက ငွေပေးချေသည့်ရက်အတွက် Exchange Rate ထည့်သွင်းပေးရမည်ဖြစ်ပါသည်။

* Setting ထဲမှ Exchange Rate ကိုနှိပ်ပါ။

* New Exchange Rate ကိုနှိပ်ပါ။

![](/files/Screenshot 2025-02-24 165002.png)

* Date တွင် ငွေချေသည့်နေ့အတွက် Exchange Rate ထည့်သွင်းခြင်းဖြစ်သည့်အတွက် ထိုနေ့ Date အားထည့်သွင်းပါ။

* Currency တွင် မိမိသတ်မှတ်မည့် Currency အားရွေးချယ်ပါ။

* 1MMK အနောက်မှ အကွက်တွင် မိမိသတ်မှတ်သည့် currency ဈေးအား 1ဖြင့်စာ၍ ထည့်သွင်းပါ။ (1/4200)

* Create နှိပ်ပါ။

![](/files/Screenshot 2025-02-25 124457.png)

Exchange Rate ထည့်သွင်းပြီးပါက ထိုနေ့အတွက် USD Supplier များအား ငွေစတင်ချေနိုင်ပြီဖြစ်ပါသည်။
#### 1. USD Purchase Invoice အတွက် Invoice တစ်စောင်ခြင်းအား ရွေးချယ်၍ MMK ဖြင့် ငွေပေးချေနည်း။
* Purchase Invoice ထဲမှ မိမိငွေရှင်းမည့် Purchase Invoice အားရွေးချယ်ပါ။
* View ကိုနှိပ်၍ New Payment ကိုနှိပ်ပါ။ (သို့) Balance Due မှ ငွေကျန်သည့် အပြာရောင် amount အားနှိပ်၍ New Payment ကိုနှိပ်ပါ။

![](/files/Screenshot 2025-02-25 125039.png)

![](/files/Screenshot 2025-02-25 125131.png)

* Date တွင် ငွေချေသည့်ရက်အားထည့်သွင်းပါ။

* Paid From တွင် ငွေချေသည့် Cash books အားရွေးချယ်ပါ။

* Amount တွင် MMK ဖြင့် ငွေချေမည့်ဖြစ်သဖြင့် မြန်မာငွေချေလိုက်သည့် ပမာဏ ထည့်သွင်းပါ။ USD တွင် ထိုမြန်မာငွေချေလိုက်သည့်အတွက် USDဖြင့် ငွေကျေမည့်ပမာဏ ထည့်သွင်းပါ။
  
   (ဥပမာ : မြန်မာငွေ 657,000 သည် USD ဖြင့် 146$ ငွေကျေမည်ဖြစ်ပါက USD တွင် 146 ထည့်သွင်းရမည်ဖြစ်ပါသည်။

* Create နှိပ်ပါ။

![](/files/viber_image_2025-02-25_12-53-16-818.jpg)

* သက်ဆိုင်ရာ USD ဘောင်ချာအတွက် ငွေကျေသွားမည်ဖြစ်ပါသည်။

![](/files/Screenshot 2025-02-25 125711.png)

#### 2. Multi Unpaid USD Purchase Invoice များအတွက် လုံးပေါင်းပမာဏပေး၍ MMKဖြင့် ငွေချေခြင်း

USD များအား MMK ဖြင့်ငွေချေသည့်အခါတွင် ငွေချေသည့် ရက်ဖြင့် Exchange Rate ထည့်သွင်းပေးရမည်ဖြစ်ပါသည်။

![](/files/Screenshot 2025-02-25 130539.png)

USD 1321.05 $ ကျန်သည့် ဘောင်ချာ သုံးစောင်အတွက် Total Amount $500 ငွေချေလိုက်ပါက ထည့်သွင်းရမည့်ပုံစံအား ပြသပေးမည်ဖြစ်ပါသည်။

![](/files/Screenshot 2025-02-25 131002.png)

Payment Module ကိုနှိပ်၍ New Payment ကိုနှိပ်ပါ။

![](/files/viber_image_2025-02-25_13-14-29-955.jpg)

* Date တွင် ငွေချေသည့် ရက် ထည့်သွင်းပါ။

* Paid From တွင် ငွေချေသည့် Account အားရွေးချယ်ပါ။

* Payee တွင် supplier အားရွေးချယ်၍ မိမိငွေချေမည့် Supplier အမည်အား ရွေးချယ်ပါ။

* Account တွင် သက်ဆိုင်ရာ Account Payable အားရွေးချယ်ပါ။

* Supplier တွင် ငွေချေမည့် Supplier အားရွေးချယ်ပါ။

* Amount တွင် MMK နှင့် ငွေချေမည်ဖြစ်သဖြင့် မိမိချေမည့် USD Amount အား ထိုနေ့ Exchange Rate ဖြင့်မြှောက်၍ ထည့်ပါ။ USD တွင် မိမိငွေချေသည့် USD Amount အားထည့်သွင်းပါ။
   ငွေချေသည့်ရက်ဖြင့် Exchange Rate ထည့်ထားရမည်ဖြစ်ပါသည်။

* Create နှိပ်ပါ။

![](/files/Screenshot 2025-02-25 141034.png)

ငွေချေလိုက်သည့် ပမာဏနှင့်ညီမျှသည့် amount များအား သက်ဆိုင်ရာ ဘောင်ချာများတွင် ကျေသွားမည်ဖြစ်ပါသည်။ ငွေကျေသည့်အခါတွင်လည်း ဦးဆုံးဝယ်ယူထားသည့် ဘောင်ချာမှစတင်၍ အရင်ကျေမည်ဖြစ်ပါသည်။

#### 3. USD Supplier အား MMK ဖြင့်ငွေကြိုပေးထည့်သွင်းခြင်း

USD supplier အား MMK ဖြင့် ငွေကြိုပေးပါက ငွေကြိုပေးသည့်နေ့၏ Exchange Rate အား သတ်မှတ်ပေးရမည်ဖြစ်ပါသည်။

![](/files/Screenshot 2025-02-25 131002.png)

ငွေကြိုပေးထည့်သွင်းရန်အတွက် Payment Module ကိုနှိပ်၍ New Payment ကိုနှိပ်ပါ။

![](/files/viber_image_2025-02-25_14-52-42-179.jpg)

* Date တွင် ငွေကြိုပေးသည့်ရက်အား ထည့်သွင်းပါ။

* Paid From တွင် ငွေရှင်းပေးလိုက်သည့် Cash(or)Bank အားရွေးချယ်ပါ။

* Payee တွင် Supplier အားရွေးချယ်၍ ငွေကြိုရှင်းပေးထားသော Supplier အမည်အားရွေးချယ်ပါ။

* Account တွင် သက်ဆိုင်ရာ Account Payable အား ရွေးချယ်ပါ။

* Supplier ရွေးချယ်ပါ။

* Amount တွင် မိမိငွေကြိုရှင်းပေးလိုက်သည့် မြန်မာငွေ ပမာဏအားထည့်သွင်းပါ။ USD တွင် မြန်မာငွေပမာဏနှင့် ညီမျှသည့် USD Amount အားထည့်သွင်းပါ။

* Create နှိပ်ပါ။

![](/files/Screenshot 2025-02-25 145638.png)

* Supplier တွင်ကြည့်ရှု့ပါက ငွေကြိုရှင်းထားသည့် USD Amount အား အနုတ်ဖြင့်တွေ့မြင်ရမည်ဖြစ်ပါသည်။

#### 4. USD Supplier အား MMK ဖြင့်ငွေတဝက်ပေးချေနည်း

ဘောင်ချာတစ်စောင်လုံးအား ငွေမချေဘဲ ဘောင်ချာအတွက်ငွေတစ်ဝက်သာကြိုတင်ပေးချေထားပါက

USD ဘောင်ချာများအတွက် MMK ဖြင့်ငွေပေးချေပါက ငွေချေသည့်နေ့၏ Exchange Rate အားထည့်သွင်းပေးရမည်ဖြစ်ပါသည်။

![](/files/Screenshot 2025-02-25 155506.png)

ငွေချေမည့်ဘောင်ချာအားရွေးချယ်၍ New Payment နှိပ်ပါ။

![](/files/viber_image_2025-02-25_15-57-24-526.jpg)

* Date တွင် ငွေချေသည့်ရက်အားရွေးချယ်ပါ။

* Paid From တွင် ငွေရှင်းပေးလိုက်သည့် Cash(or)Bank အားရွေးချယ်ပါ။

* Amount တွင် ငွေတစ်ဝက်ရှင်းပေးလိုက်သည့် မြန်မာငွေ ပမာဏအားထည့်သွင်းပါ။ USD တွင် မြန်မာငွေပမာဏနှင့် ညီမျှသည့် USD Amount အားထည့်သွင်းပါ။

* Create ကိုနှိပ်ပါ။

![](/files/Screenshot 2025-02-25 162956.png)

* ငွေချေလိုက်သည့် Invoice တွင်ငွေတစ်ဝက်ကျေသွားကြောင်းတွေ့မြင်ရမည်။

### 3) အခြားသော အသုံးစရိတ်များထည့်သွင်းနည်း

![](/files/dT5aufa.png)  

* လုပ်ငန်း၏အသုံးစရိတ်များကိုထည့်သွင်းရန်အတွက် Payment သို့သွားပါ။

* New Payment ကိုနှိပ်ပါ။

![](/files/nDNmWUx.png)

* Date ထည့်ပါ။
* Paid From တွင်ငွေထွက်သွား Bank (or) Cash Book ကိုထည့်ပါ။
* Account တွင်သက်ဆိုင်ရာ Expenses Account ကိုထည့်ပါ။
* Amount ထည့်ပါ။
* Create ကိုနှိပ်ပါ။

![](/files/KEtyAkW.png)  
  
* Summary တွင်ကြည့်ပါကလည်း သက်ဆိုင်ရာ Cash or Bank တွင်ငွေထွက်၍ Expenses တွင်စရိတ်အနေဖြင့်တိုးလာမည်ဖြစ်ပါသည်။

