---
title: "Non-Inventory Item"
space: "User Guides"
url: "https://www.msmebooks.com/docs/user/guides/non-inventory-item"
updated: "2026-06-26"
---

**လုပ်ငန်းတွင် Control မလုပ်သော Item များအား Non-Inventory အနေဖြင့်သတ်မှတ်ပေးရမည်။**

ဥပမာ- Service တောင်းသော Fees ၊ Installation လုပ်၍ ရသော Fees ၊ Audit စစ်သောကြောင့် ရရှိသော Fees ၊ Delivery လုပ်ငန်းဖြစ်ပါက Deliver ခရရှိသော Fees များအား Non-Inventory item အနေဖြင့်ထည့်သွင်းပေးရမည်။

Non-Inventory Item ထည့်သွင်းရန်အတွက်

>Setting >> Non-Inventory Item

![](/files/2l9nc4u.png)  

* New Non-Inventory Item ကိုထပ်မံနှိပ်ပါ။

![](/files/SKewMTT.png)  

* Item code နှင့် Item Nameထည့်သွင်းပါ။(Item code သည် လုပ်ငန်း၏လိုအပ်ချက်အရထည့်သွင်းလိုပါက ထည့်သွင်းနိုင်ပါသည်။ မဖြစ်မနေထည့်သွင်းရန်မလိုပါ။)
* Unit Name ထည့်သွင်းပါ။(Unit Name သည် လုပ်ငန်း၏လိုအပ်ချက်အရထည့်သွင်းလိုက်ပါထည့်သွင်းနိုင်ပါသည်။
* When Sold တွင် Service ပေးသည့်အခါတွင် ဝင်လာသော ဝင်ငွေအား ခွဲ၍ သိလိုသောကြောင့် Income Account ခွဲထားပါက အမှန်ခြစ်ထည့်၍ သက်ဆိုင်ရာ Account ရွေးချယ်ပါ။ Default Account ဖြင့်သာပေါ်လိုပါက အမှန်ခြစ်ထည့်သွင်းရန်မလိုပါ။
* When Purchase တွင် မိမိ Service ပေးသော Item သည် သူများဆီမှတစ်ဆင့်ခံ၍ Service ပေးခြင်းဖြစ်ပါက ထို Service အတွက် Expense အား သီးခြားခွဲ၍ သိလိုသောကြောင့် Expenses Account ခွဲထားပါက အမှန်ခြစ်ထည့်၍ သက်ဆိုင်ရာ Account ရွေးချယ်ပါ။
* Create ကိုနှိပ်ပါ။

![](/files/YqftKnG.png)  

* ထည့်သွင်းထားသော Inventory Item ကိုနှိပ်ပါ။



  


  


  
  


  


