Landed Cost (Add on Inventory )
ကုန်ပစ္စည်းများယူချိန်တွင် အခြားသော အသုံးစရိတ်များရှိပါသည်။ ထိုအခြားသောစရိတ်များထည့်သွင်းရာသွင် Supplier ကို ပေးရတာမဟုတ် သည့်အတွက် Supplier မှာလည်း စရိတ်မတိုးပဲ ကုန်ပစ္စည်းမှာပဲ စရိတ်တိုးချင်သည်ဆိုပါက
Purchase Invoice ကိုနှိပ်ပါ။

New Purchase Invoice ကိုနှိပ်ပါ။

Issue Date တွင် Invoice ဖွင့် သော Date ကို သတ်မှတ်ပါ။
Supplier တွင် သက်ဆိုင်ရာ Supplier ကို ရွေးပါ။

Item တွင် ဝယ်ယူလိုက်သော ပစ္စည်းနာမည်များကို ထည့်ပါ။
Qty တွင် ဝယ်ယူလိုက်သည့် ပစ္စည်းအရေအတွက်ကို ထည့်ပါ။
Unit Price တွင် ဝယ်ယူလိုက်သည့် ပစ္စည်းဝယ်စျေးကို ထည့်ပါ။
အခြားသော စရိတ်များကို ထည့်ရန် Item တွင် Freight In ကို ထည့်ပါ။
Unit Price တွင် အခြားသောကျသင့်သော အသုံးစရိတ်ငွေ ပမာဏ ကို ထည့်သွင်းပါ။
ထိုစရိတ်သည် ဝယ်ယူထားသော Supplier နှင့် မသက်ဆိုင်သည့်အတွက် Add Row ကိုနှိပ်ပါ။
Account တွင် Freight in cost ကို ထည့်ပါ။
Unit Price တွင် အပေါ်တွင် ကျသင့်ထားသော စရိတ်ငွေပမာဏကို Minus (-) ဖြင့် ပြန်လည်ထည့်သွင်းပါ။
Create ကို နှိပ်ပါ။

Purchase Invoice တွင်ကြည့်ပါကလည်း ကျသင့်သောစရိတ်ငွေပမာဏကို နှုတ်၍ Supplierအားပေးရန်ကျန်သောငွေပမာဏကို တွေ့မြင်ရမည်ဖြစ်ပါသည်။

ငွေချေမည်ဆိုပါက New Payment ကို နှိပ်ပါ။

Date တွင် ငွေချေလိုက်မည့် Date ကို နှိပ်ပါ။
Paid From တွင် ငွေပေးချေလိုက်သော Cash Book ကို ထည့်သွင်းပါ။

Amount တွင် Supplier အား ငွေပေးချေလိုက်သော ငွေပမာဏ ကိုထည့်သွင်းပါ။
Create ကို နှိပ်ပါ။

ငွေပေးချေလိုက်သော Payment ကို တွေ့မြင်ရမည်ဖြစ်ပါသည်။

Summary တွင် ကြည့်လိုက်ပါက
သက်ဆိုင်ရာ အသုံးစရိတ် Account တွင် ငွေပေးချေရန်ကျန်နေသေးကြောင်းကို တွေ့မြင်ရမည်ဖြစ်ပါသည်။

ထိုစရိတ်များအား ငွေချေမည်ဆိုပါက
Payments ကို နှိပ်ပါ။

New Payment ကို နှိပ်ပါ။

Date တွင် သက်ဆိုင်ရာစရိတ်ကို ငွေပေးချေလိုက်သော Date ကို သတ်မှတ်ပါ။
Paid From တွင် သက်ဆိုင်ရာစရိတ်ကို ငွေပေးချေလိုက်သော Cash Book ကို ထည့်သွင်းပါ။

Account တွင်ငွေပေးချေလိုသော သက်ဆိုင်ရာစရိတ် Account ကို ထည့်သွင်းပါ။
Amount တွင် ငွေပေးချေလိုသော ငွေ ပမာဏ ကိုထည့်သွင်းပါ။
Create ကို နှိပ်ပါ။

ငွေပေးချေလိုက်သော သက်ဆိုင်ရာ အသုံးစရိတ် Payment အားတွေ့မြင်ရမည်ဖြစ်ပါသည်။

Summary တွင် ကြည့်ပါကလည်း
ပေးချေလိုက်သော အသုံးစရိတ်များ ကျေသွားသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။
