Landed Cost

ကုန်ပစ္စည်းများ ထည့်သွင်းရာတွင် မူရင်းတန်ဖိုး အပြင် Shipping Cost, Import Charges, Landed Cost များအား ကုန်ပစ္စည်း ၏ တန်ဖိုး တွင် ထည့်သွင်းတွက်ချက်လိုပါက Freight-in အနေဖြင့် ထည့်သွင်းနိုင်ပါသည်။ ထိုသို့ ထည့်သွင်းပါက Indirect Expenses အနေဖြင့် စာရင်း မပြပဲ ကုန်ပစ္စည်း၏ တန်ဖိုး အနေဖြင့်သာ တွက်ချက်မည် ဖြစ်သောကြောင့် Product Cost တွင် ထိုစရိတ်များ တိုးသွားမည်ဖြစ်သောကြောင့် ကုန်ပစ္စည်းရောင်းချရာတွင် Cost of Goods Sold အနေဖြင့် စာရင်းသွင်းသောကြောင့် Gross Profit တွက်ချက်ရာတွင် Direct Cost များအား ထည့်သွင်းထားသောကြောင့် ပိုမိုတိကျမည်ဖြစ်ပါသည်။

  • Supplier ထံမှပစ္စည်းဝယ်ယူရာတွင်အခြားသောစရိတ်များပါ supplier အားပေးချေရပါကစာရင်းထည့်သွင်းရန်အတွက် Purchase Invoice ကိုနှိပ်ပါ။

  • New Purchase Invoice ကိုနှိပ်ပါ။

  • Date တွင် ပစ္စည်းဝယ်ယူသည့်ရက်အား ထည့်ပါ။
  • Supplier အမည်အားရွေးချယ်ပါ။
  • Item တွင် ဝယ်ယူသည့်ကုန်ပစ္စည်းအား ထည့်ပါ။
  • Qty တွင် ဝယ်ယူသည့်အရေအတွက်အား ထည့်ပါ။
  • Unit Price တွင် ဝယ်ဈေးအား ထည့်ပါ။
  • သယ်ယူခ (သို့) အခြားသောစရိတ်များအား ကုန်ပစ္စည်းစရိတ်တွင် ထည့်သွင်းတွက်ချက်ရန်အတွက် Item တွင် Freight-in ရွေးချယ်ပါ။
  • Create နှိပ်ပါ။

  • ထည့်သွင်းထားသော အဝယ်ဘောင်ချာအားတွေ့မြင်ရမည် ဖြစ်သည်။

  • Supplier အားငွေရှင်းရန်အတွက် New Payment ကိုနှိပ်ပါ။

  • Date တွင် ငွေပေးချေသည့်နေ့ ကိုထည့်ပါ။
  • Paid From တွင် ငွေပေးချေမည့် ငွေစာရင်းစာအုပ်အား ရွေးချယ်ပါ။
  • ဆိုက်ရောက်ကုန်ကျစရိတ်များပါ Supplier အားပေးချေခြင်းဖြစ်ပါက Unit Price တွင် ပြင်ဆင်ရန်မလိုပါ။
  • Create ကိုနှိပ်ပါ။

  • ထည့်သွင်းထားသောဘောင်ချာအား တွေ့မြင်ရမည်ဖြစ်သည်။

  • Inventory Item Cost တွင်ကြည့်ရှုပါကလည်း ဆိုက်ရောက်ကုန်ကျစရိတ်များပါပေါင်း၍ တွက်ချက်ထားကြောင်းတွေ့မြင်ရပါမည်။

Last updated 5 hours ago