---
title: "Inventory Items"
space: "User Guides"
url: "https://www.msmebooks.com/docs/user/guides/inventory-items"
updated: "2026-06-26"
---

**Inventory ဆိုသည်မှာ ကုမ္ပဏီတစ်ခုတွင် ရောင်းရန် (သို့) အသုံးပြုရန်ရှိသော ကုန်ပစ္စည်းများနှင့် အစိတ်အပိုင်းများ ကို ဆိုလိုသည်။ သိုလှောင်ထားသော ကုန်ပစ္စည်းများကို စီမံခန့်ခွဲရန် Inventory ကို အသုံးပြုကြသည်။**

ကုန်ပစ္စည်းList ထည့်သွင်းရန်

> Inventory Items >> New Inventory Item

![](/files/viber_image_2025-02-27_15-49-59-826.jpg)

* Item code နှင့် Item Nameထည့်သွင်းပါ။(Item code သည် လုပ်ငန်း၏လိုအပ်ချက်အရထည့်သွင်းလိုပါက ထည့်သွင်းနိုင်ပါသည်။ အဓိကထည့်သွင်းရန်မလိုပါ။)
* Unit name ထည့်သွင်းပါ။
* ဝယ်ဈေး/ရောင်းဈေး ရှိပါက Purchase Price/Sales Price တွင်သတ်မှတ်ပါ။
* Detail အကြောင်းအရာများထည့်သွင်းလိုပါက Description သတ်မှတ်ပါ။
* Control Account သတ်မှတ်ထားခြင်းရှိပါက သက်ဆိုင်ရာ Control Account ရွေးချယ်ပါ။
* Starting balance	တွင်မိမိထည့်သွင်းသော ပစ္စည်း၏ Opening ထည့်သွင်းလိုပါက Starting Balance နေရာမှ ထည့်သွင်းရမည်ဖြစ်ပါသည်။
* Track quantity to receive သည် မိမိထည့်သွင်းသော Item အား ပစ္စည်းရောက်ရှိသည့်အခါတွင် ကုန်လက်ခံ Goods Receipts ထည့်သွင်းမည်ဆိုပါက အမှန်ခြစ်ထည့်သွင်းပါ။ မလိုအပ်ပါက ထည့်သွင်းရန်မလိုပါ။
* Track quantity to deliver တွင် မိမိထည့်သွင်းသော Item အား customer မှဝယ်ယူသည့်အခါတွင် ပစ္စည်းပို့ဆောင်သည့် Delivery Note ထည့်သွင်းမည်ဖြစ်ပါကအမှန်ခြစ်ထည့်သွင်းပါ။ မလိုအပ်ပါက ထည့်သွင်းရန်မလိုပါ။
* Custom income account မိမိထည့်သွင်းသော Item အား ရောင်းရသည့်တန်ဖိုးသီခြားသိလိုသောကြောင့် Income Account သီးခြားခွဲထားပါက ထိုနေရာတွင် အမှန်ခြစ်ထည့်၍ သက်ဆိုင်ရာ Income account နှင့်ချိတ်ဆက်ပေးရမည်။ ခွဲထားခြင်းမရှိပါက အမှန်ခြစ်ထည့်သွင်းရန်မလိုပါ။
*  Custom expenses account မိမိထည့်သွင်းသော Item အား ရောင်းရသည့်တန်ဖိုးအပေါ်တွင် ကုန်ကျသော တန်ဖိုးအား သီးခြားသိလိုသောကြောင့် Chart of Account တွင်ခွဲထားပါက ထိုနေရာတွင် အမှန်ခြစ်ထည့်၍ သက်ဆိုင်ရာ Expenses Account နှင့်ချိတ်ဆက်ပေးရမည်။ ခွဲထားခြင်းမရှိပါက အမှန်ခြစ်ထည့်သွင်းရန်မလိုပါ။
* Create နှိပ်ပါ။

![](/files/Screenshot 2025-02-27 155930.png)

* ထည့်သွင်းလိုက်သော Inventory Item ကိုတွေ့ရမည်ဖြစ်သည်။
