---
title: "Ground Stock Adjustment "
space: "User Guides"
url: "https://www.msmebooks.com/docs/user/guides/ground-stock-adjustment"
updated: "2026-06-26"
---

လစဥ် ကုန်လက်ကျန် စစ်ဆေးပြီး လိုအပ်သည့် စာရင်းညှိနှိုင်းမှုပြုရာတွင်  Inventory Write-off နှင့် Journal Entry အား အသုံးပြု၍စာရင်းညှိနှိုင်းနိုင်သည်။

1)ကုန်ပစ္စည်းတွင် ပိုနေသည့် အရေအတွက်အားလျော့မည်ဆိုပါက Inventory Write-off ကို အသုံးပြုရမည်။

[Inventory Write-off ထည့်သွင်းနည်းအား Link ကိုနှိပ်၍ ကြည့်ရှု့နိုင်ပါသည်။](https://msmebooks.bcnerp.com/docs/user/guides/inventory-write-off)

2)ကုန်ပစ္စည်းတွင် လိုနေသည့် အရေအတွက်အား ထပ်မံထည့်မည်ဆိုပါက Journal Entry ကို အသုံးပြုရမည် ဖြစ်ပါသည်။

#### စာရင်းညှိနှိုင်းမှု ပြုရာတွင် ပထမဦးစွာ Chart of Account တွင် Stock Adjustment Account ကို ထည့်ပေးရမည်ဖြစ်ပါသညါ။

> Setting > Chart of account

 ![](/files/E4.png)

* Profit and Loss Statement ဘက်ခြမ်းမှ New Account ကို နှိပ်ပါ။

![](/files/SA1.png)

* Name တွင် Stock Adjustment လို့ထည့်ပါ။

* Group တွင် Expense (or) Income  ကို ရွေးပါ။

* Create ကို နှိပ်ပါ။

#### ကုန်ပစ္စည်းတွင် လိုနေသည့် အရေအတွက် ကို ထပ်မံ ထည့်သွင်းလိုပါက Journal Entry ကို အသုံးပြုရမည်ဖြစ်ပါသည်။

> Journal Entry >> New Journal Entry

![](/files/SA11.png)

* Date တွင် Adjustment ညှိမည် Date ကို သတ်မှတ်ပါ။

![](/files/SA12.png)

* ပထမအကြောင်း၏ Account တွင် Inventory Account အားရွေးချယ်ပါ။

* Inventory Item  တွင် Adjustment လုပ်လိုသည့် Item ကို ထည့်ပါ။    

* Inventory Location တွင် မည်သည့် နေရာမှ Adjustment လုပ်မည်ဆိုတာကို သတ်မှတ်ရမည်ဖြစ်ပါသည်။

* Qty တွင် ညှိလိုသည့် အရေအတွက်ကို ထည့်ပါ။

* Debit တွင် ညှိလိုက်သည့် Item ၏ စျေးနှုန်းကို ထည့်ပါ။

* ဒုတိယ အကြောင်း၏ Account တွင် Adjustment Account ကိုရွေးပါ။

* Credit တွင် ညှိလိုက်သည့် အရေအတွက် ကို ထည့်ပါ။

* Create ကို  နှိပ်ပါ။

![](/files/SA13.png)

ကုန်စာရင်း ညှိထားသည့် Journal ကို တွေ့မြင်ရမည်ဖြစ်ပါသည်။

![](/files/SA14.png)

Inventory Item တွင် ကြည့်ပါကလည်း ညှိလိုက်ရသည့် Item အရေအတွက် တိုးလာကြောင်းကို တွေ့ရမည်ဖြစ်ပါသည်။

