---
title: "Goods Receipts\u200b\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t\t"
space: "User Guides"
url: "https://www.msmebooks.com/docs/user/guides/goods-receipts\u200b"
updated: "2026-06-26"
---

**ကုန်ပစ္စည်းလက်ခံမှု (GR) သည် ဝယ်သူမှ တင်သွင်းသူထံမှ ကုန်ပစ္စည်းများကို လက်ခံခဲ့ကြောင်း အတည်ပြုသော စာရွက်စာတမ်းတစ်စောင် ဖြစ်သည်။ Supplier ထံမှ ပေးပို့လာသော ပစ္စည်းများသည် ဝယ်ယူမှု အော်ဒါနှင့် တန်ဖိုး၊ အရေအတွက်နှင့် သတ်မှတ်ချက်များအတိုင်း ကိုက်ညီမှုရှိမှုကို စစ်ဆေးရန် အသုံးပြုသည်။**

Goods Receipt လက်ခံမှုသည် အပိုင်း(၃)ပိုင်းဖြင့်ထည့်သွင်းနိုင်သည်။

1) [Purchase Order မှ Goods Receipt ထည့်သွင်းခြင်း](https://msmebooks.bcnerp.com/docs/user/guides/goods-receipts%E2%80%8B#1-purchase-order-%E1%80%99%E1%80%BE-goods-receipt-%E1%80%91%E1%80%8A%E1%80%BA%E1%80%B7%E1%80%9E%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8)

2) [Purchase Invoice မှ Goods Receipt ထည့်သွင်းခြင်း](https://msmebooks.bcnerp.com/docs/user/guides/goods-receipts%E2%80%8B#2-purchase-invoice-%E1%80%99%E1%80%BE-goods-receipt-%E1%80%91%E1%80%8A%E1%80%BA%E1%80%B7%E1%80%9E%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8)

3) [Goods Receipt ထည့်သွင်းခြင်း](https://msmebooks.bcnerp.com/docs/user/guides/goods-receipts%E2%80%8B#3-goods-receipt-%E1%80%91%E1%80%8A%E1%80%BA%E1%80%B7%E1%80%9E%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8)

#### 1) Purchase Order မှ Goods Receipt ထည့်သွင်းခြင်း

**Purchase Order ဖွင့်ထားသော ပစ္စည်းများ ရောက်ရှိလာသောအခါတွင် ကုန်လက်ခံ(Goods Receipt) ထည့်သွင်းမည်ဆိုပါက**


![](/files/Screenshot%202025-02-28%20145256.png)

* ကုန်ပစ္စည်းရောက်ရှိလာသော Purchase Order အစောင်အား Sear bar မှတစ်ဆင့် Supplier အမည် (သို့) Purchase Order အစောင် no ဖြင့်ရှာဖွေနိုင်ပါသည်။

* Purchase Order အစောင်တွေ့ရှိပါက View နှိပ်ပါ။


![](/files/viber_image_2025-02-28_15-56-08-620.jpg)

* Copy to ကိုနှိပ်ပါ။

* New Goods Receipt ကိုနှိပ်ပါ။

![](/private/files/Screenshot%202025-02-28%20161553.png)

* Date တွင် ပစ္စည်းရောက်ရှိသည့် ရက်အား ရွေးချယ်ပါ။

* Item တွင် Order မှာထားသော ပစ္စည်းများအားလုံးပေါ်လာမည်ဖြစ်ပါသည်။ ရောက်ရှိလာသောပစ္စည်းများအားရွေးချယ်ပြီး မပါရှိသော Item Line များအားဖျတ်ချနိုင်ပါသည်။

* Qty တွင် ရောက်ရှိလာသော အရေအတွက်များသာထည့်သွင်းနိုင်ပါသည်။

* Create နှိပ်ပါ။

![](/files/Screenshot%202025-02-28%20162140.png)

* ထည့်သွင်းလိုက်သော Purchase Order အတွက် ပစ္စည်းလက်ခံပြီးသည့်အတွက် Purchase Order တွင်ကြည့်ရှု့ပါကလည်း Invoice ဖွင့်ဖို့သာကျန်ရှိသည့်အတွက် Uninvoiced ဟုပြနေမည်ဖြစ်ပါသည်။

#### 2) Purchase Invoice မှ Goods Receipt ထည့်သွင်းခြင်း

Purchase Invoice ဖွင့်ထားပြီး ပစ္စည်းရောက်ရှိမှသာ Goods Receipt ထည့်သွင်းလိုပါက

![](/files/Screenshot%202025-02-28%20165949.png)

* Purchase Invoice သို့ဝင်၍ ပစ္စည်လက်ခံရရှိသော ဘောင်ချာအားရှာဖွေပါ။

* ပစ္စည်းလက်ခံထည့်သွင်းရန်အတွက် View နှိပ်ပါ။

![](/files/Screenshot%202025-02-28%20170356.png)

* Copy to ကိုနှိပ်၍ Goods Receipt နှိပ်ပါ။

![](/files/Screenshot%202025-02-28%20170549.png)

* Date တွင်ပစ္စည်းလက်ခံရရှိသည့် ရက်အားထည့်သွင်းပါ။

* Item တွင် Invoice ဖွင့်ထားသော ပစ္စည်းများအားလုံးပေါ်လာမည်ဖြစ်ပါသည်။ ရောက်ရှိလာသောပစ္စည်းများအားရွေးချယ်ပြီး မပါရှိသော Item Line များအားဖျတ်ချနိုင်ပါသည်။

* Qty တွင် ရောက်ရှိလာသော အရေအတွက်များသာထည့်သွင်းနိုင်ပါသည်။

* Create နှိပ်ပါ။

ထည့်သွင်းလိုက်သော ပစ္စည်းများ Item တွင် အရေအတွက်များတိုးသွားမည်ဖြစ်ပါသည်။

#### 3) Goods Receipt ထည့်သွင်းခြင်း

ပစ္စည်းရောက်လာသည့်အခါတွင် ကုန်လက်ခံထည့်သွင်းပြီးမှသာ ဘောင်ချာရရှိသည့်အခါမှ Purchase Invoice ဖွင့်မည်ဖြစ်သောကြောင့် ကုန်လက်ခံအရင်ထည့်သွင်းထားလိုပါက

> Goods Receipt >> New Goods Receipt

![](/files/Screenshot 2025-03-01 115322.png)

* Date တွင်ပစ္စည်းလက်ခံရရှိသည့် ရက်အားထည့်သွင်းပါ။

* Item တွင်ပစ္စည်းရောက်ရှိလာသည့် Item များအားရွေးချယ်ပါ။

* Qty တွင် ရောက်ရှိလာသော အရေအတွက်များသာထည့်သွင်းနိုင်ပါသည်။

* Create နှိပ်ပါ။

Goods Receipt ထည့်သွင်းပြီးပါက သက်ဆိုင်ရာ Item တွင် ပစ္စည်းအရေအတွက် တိုးလာမည်ဖြစ်ပါသည်။