Fixed Asset Disposal

လုပ်ငန်းတွင်ရှိသော ပုံသေပိုင်ပစ္စည်းများကို ရောင်းချသည့်စာရင်းကို MSME တွင်အောက်ပါအတိုင်းစာရင်းထည့်သွင်းနိုင်ပါသည်။

ပုံသေပိုင်ပစ္စည်းအရောင်းစာရင်းမထည့်သွင်းမီ ရောင်းချမည့်ပစ္စည်း၏လက်ကျန်တန်ဖိုးနှင့်တန်ဖိုးလျော့များကို Fixed Asset ဦးစွာစစ်ဆေးပါ။

ရောင်းချလိုက်သည့် ပုံသေပိုင်ပစ္စည်းအတွက် ကုန်ကျစရိတ်၊ တန်ဖိုးလျော့ပမာဏနှင့် လက်ကျန်တန်ဖိုးကိုတွေ့ရမည်ဖြစ်သည်။

ရောင်းချလိုက်သည့် ပုံသေပိုင်ပစ္စည်းအတွက် ငွေသားကိုလက်ငင်းရရှိပါက အောက်ပါအတိုင်းစာရင်းထည့်နိုင်ပါသည်။

  • Receipt ကိုနှိပ်ပါ။

  • Date တွင်ရောင်းချလိုက်သည့်နေ့ကို ထည့်ပါ။

  • Paid By အောက်ရှိ Contact တွင် Others ကိုရွေးချယ်၍ ဝယ်ယူသည့်သူ၏ အမည်ကိုထည့်သွင်းပါ။

  • Received in တွင် ရောင်းချလိုက်သောကြောင့် ငွေလက်ခံရမည့် Account ကိုရွေးချယ်ပါ။

  • Description တွင်အကြောင်းအရာများကို ထည့်သွင်းရေးသားနိုင်ပါသည်။

  • Account တွင် Fixed Assets, at cost ကိုရွေးချယ်ပါ။ ဘေးရှိ Fixed Asset အကွက်တွင်ရောင်းချမည့် ပုံသေပိုင်ပစ္စည်းကိုရွေးချယ်ပါ။

  • Amount တွင်ရောင်းလိုက်သောကြောင့် ရရှိလာသော ငွေပမာဏကိုထည့်သွင်းပါ။

  • Create ကိုနှိပ်ပါ။

Fixed Assets ထဲရှိ Book Value တွင်ရောင်းချလိုက်သော ပုံသေပိုင်ပစ္စည်းအတွက် အမြတ်ရရှိပါက Minus နှင့်ပြနေသည်ကိုတွေ့ရမည်ဖြစ်သည်။ ရှုံးပါက Plus နှင့်လာပြမည်ဖြစ်သည်။

  • Fixed Asset Name ဘေးရှိ Edit ကိုနှိပ်ပါ။

  • Disposal Fixed Asset ကိုအမှန်ခြစ်ထည့်ပါ။

  • Date of Disposal တွင်ရောင်းလိုက်သည့်နေ့အတိုင်းထည့်သွင်းပါ။

  • Account တွင်မရွေးချယ်ထားပါက Software မှ Auto ပါသည့် Account ဖြင့်ကျသွားမည်ဖြစ်သည်။

  • Update ကိုနှိပ်ပါ။

Summary တွင်ပြန်လည်ကြည့်ရှုပါက Expenses အောက်တွင် Fixed Assets - loss on disposal Account ဖြင့် အမြတ်ရရှိသည့်ဖြစ်သောကြောင့် Minus ဖြင့်ပြနေသည်ကိုတွေ့ရမည်ဖြစ်သည်။ ရှုံးပါက Plus ဖြင့်ပြနေသည်ကိုတွေ့ရမည်ဖြစ်သည်။

  • ရောင်းချလိုက်သည့် ပုံသေပိုင်ပစ္စည်းအတွက် ငွေချက်ချင်းမရရှိသေးပါက အောက်ပါအတိုင်းစာရင်းထည့်သွင်းနိုင်ပါသည်။

  • Sales Invoice ကိုနှိပ်ပါ။

  • New Sales Invoice ကိုနှိပ်ပါ။

  • Date တွင်ရောင်းချလိုက်သည့်နေ့ကို ရွေးချယ်ပါ။

  • Description တွင် အကြောင်းအရာများကို ထည့်သွင်းရေးသားနိုင်ပါသည်။

  • Account တွင် Fixed Assetes, at cost ကိုရွေးချယ်ပါ။ ဘေးရှိ Fixed Asset အကွက်တွင် ရောင်းချမည့် ပုံသေပိုင်ပစ္စည်းကိုရွေးချယ်ပါ။

  • Amount တွင် ရောင်းလိုက်သောကြောင့် ရရှိလာသော ငွေပမာဏကိုထည့်ပါ။

  • Create ကိုနှိပ်ပါ။

  • Fixed Asstes ထဲရှိ Book Value တွင်ရောင်းချလိုက်သော ပုံသေပိုင်ပစ္စည်းအတွက် ရှုံးပါက Plus နှင့်လာပြမည်ဖြစ်သည်။

  • Fixed Asset Name ဘေးရှိ Edit ကိုနှိပ်ပါ။

  • Disposed Fixed Asset ကိုအမှန်ခြစ်ထည့်ပါ။

  • Date of Disposal တွင်ရောင်းလိုက်သည့်နေ့အတိုင်းထည့်သွင်းပါ။

  • Account တွင်မရွေးချယ်ထားပါက Software မှ Auto ပါသည့် Account ဖြင့် ကျသွားမည်ဖြစ်သည်။

  • Update ကိုနှိပ်ပါ။

Summary တွင်ပြန်လည်ကြည့်ရှုပါက Expense အောက်တွင် Fixed Assets - loss on disposal Account ဖြင့် ရှုံးနေမည်ဖြစ်သောကြောင့် Amount ဖြင့်ပြနေသည်ကိုတွေ့ရမည်ဖြစ်သည်။

ငွေချက်ချင်းမရရှိသေးပဲ Sales Invoice ဖွင့်၍ ရောင်းချလိုက်သည့် ပုံသေပိုင်ပစ္စည်းအတွက် ငွေတကယ်ရရှိသည့်အချိန်တွင် အောက်ပါအတိုင်းစာရင်းထည့်သွင်းနိုင်ပါသည်။

  • Sales Invoice ကိုနှိပ်ပါ။ သက်ဆိုင်ရာ Sales Invoice သို့သွားပါ။

  • Balance Due အောက်ရှိ Fixed Asset ရောင်းရငွေ Amount ကိုတချက်နှိပ်ပါ။

New Receipt ကိုနှိပ်ပါ။

  • Date တွင်ငွေရသောနေ့ကိုထည့်ပါ။

  • Account မှာ ငွေလက်ခံမည့် လုပ်ငန်း၏ Cash or Bank ကိုရွေးပေးရပါမည်။

  • Description တွင်အကြောင်းအရာများကို ထည့်သွင်းနိုင်ပါသည်။

  • Create ကိုနှိပ်ပါ။

  • Fixed Asset ရောင်းရသည့် ငွေဝင်/မဝင်ကို စစ်ဆေးကြည့်ရန် Summary ကိုနှိပ်ပါ။

  • Balance Sheet ဘက်မှ Cash & Bank အောက်ရှိ Bank ၏ငွေ Amount ကိုတစ်ချက်နှိပ်ပါ။

  • Balance အောက်ရှိငွေ Kpay ၏ငွေ Amount ကိုတချက်နှိပ်ပါ။

  • Fixed Asset ရောင်းရငွေ Amount ကိုစာရင်းသွင်းပြီးဖြစ်ကြောင်း တွေ့ရမည်ဖြစ်သည်။

Last updated 5 hours ago