Fixed Asset
လုပ်ငန်းလည်ပတ်ရာတွင် အသုံးပြုသော ပုံသေပိုင်ပစ္စည်းများကို MSME ၌ထည့်သွင်းရာတွင် အောက်ပါအတိုင်းအဆင့်ဆင့်လုပ်ဆောင်ပေးရန်လိုအပ်သည်။
Fixed Assets ထည့်သွင်းနည်းများ
Fixed Assets ဝယ်ယူခြင်းထည့်သွင်းနည်း
Fixed Assets Depreciation
- Auto Depreciation
- Manual Depreciation
1) Fixed Assets Account Setup
ပုံသေပိုင်ပစ္စည်းစာရင်းခေါင်းစဥ်များသတ်မှတ်ရန်အတွက်...
- Settings ကိုနှိပ်ပါ။

- Chart of Accounts ကိုနှိပ်ပါ။

- Fixed Assets အုပ်စု စာရင်းခေါင်းစဥ်များသတ်မှတ်ရန် Balance Sheet အခြမ်းမှ New Group ကိုနှိပ်ပါ။

- Name တွင် Fixed Assets (or) Non-Current Assets ဟုထည့်သွင်းပါ။
- Group တွင် Assets ကို ရွေးချယ်ပါ။
- Create ကိုနှိပ်ပါ။

- ထည့်သွင်းထားသော Fixed Assets စာရင်းခေါင်းစဥ်ကို တွေ့ရမည်။

- Fixed Assets ခေါင်းစဥ်အောက်တွင် ပါဝင်သော ပုံသေပိုင်ပစ္စည်းအုပ်စုကို ထည့်သွင်းပေးရန် Settings ထဲမှ Control Accounts ကိုနှိပ်ပါ။

- ပုံသေပိုင်ပစ္စည်းစာရင်းအုပ်စုကို ထည့်သွင်းရန် Fixed Assets, at cost ရှိ New Control Account ကိုနှိပ်ပါ။

- Name တွင် လုပ်ငန်းတွင် ရှိမည့် ပုံသေပိုင်ပစ္စည်းစာရင်းအမည်ကို ထည့်သွင်းပါ။
- Group တွင် Fixed Assets ကို ရွေးချယ်ပါ။
- Create ကိုနှိပ်ပါ။

- ထည့်သွင်းထားသော Motor Vehicles ကိုတွေ့ရမှာ ဖြစ်ပါတယ်။
- အခြားပုံသေပိုင်ပစ္စည်းများကိုလည်း ထိုနည်းအတိုင်းထပ်မံ ထည့်သွင်းနိုင်ပါတယ်။

- အခြားထပ်မံထည့်သွင်းလိုက်သော ပုံသေပိုင်ပစ္စည်းများကိုတွေ့ရမှာ ဖြစ်ပါတယ်။

- ပုံသေပိုင်ပစ္စည်းများထည့်သွင်းပြီးပါက ၎င်းတို့နဲ့သက်ဆိုင်သော တန်ဖိုးလျော့ခေါင်းစဥ် များကို သတ်မှတ်ပေးရပါမည်။
- Fixed Assets , accumulated depreciation အကွက်ရှိ New Control Account ကိုနှိပ်ပါ။

- Name တွင် ထားရှိမည့် တန်ဖိုးလျော့အမည်ကိုထည့်သွင်းပါ။
- Group တွင် Fixed Assets ကိုရွေးချယ်ပါ။
- Create ကိုနှိပ်ပါ။

- ထည့်သွင်းထားသော စာရင်းအမည်ကို တွေ့ရမည်။
- အခြားသော စာရင်းများကိုလည်း ထိုနည်းအတိုင်းထည့်သွင်းပါ။

- ထပ်ထည့်သွင်းထားသော အမည်များကို တွေ့ရမည်ဖြစ်ပါတယ်။

- Balance Sheet တွင် ပြန်လည်ကြည့်ရှုပါက ထည့်သွင်းထားသော စာရင်းများကိုတွေ့ရမည်။

- Balance Sheet ဘက်အခြမ်းတွင် ထည့်သွင်းပြီးပါက လစဥ်တန်ဖိုးလျော့စရိတ်အနေဖြင့်ပြသရန် Profit & Loss ဘက်ခြမ်းတွင်စာရင်းခေါင်းစဥ်သတ်မှတ်ပေးရမည်။
- Chart of Account ရှိ Profit and Loss Statement ဘက်ရှိ New Account ကို နှိပ်ပါ။

- Name တွင်စရိတ်အကောင့်အမည်ကို ထည့်သွင်းပါ။
- Group တွင် Expenses ကိုရွေးချယ်ပါ။
- Create ကိုနှိပ်ပါ။

- ထည့်သွင်းလိုက်သော စရိတ်အကောင့်ကို တွေ့ရမည်ဖြစ်ပါတယ်။
- အခြားတန်ဖိုးလျော့စရိတ်အကောင့်များကိုလည်း ထိုနည်းအတိုင်းထည့်သွင်းပါ။

- ထိုထည့်သွင်းထားသော စာရင်းများကို လုပ်ငန်းတွင်ရှိသော ပုံသေပိုင်ပစ္စည်းစာရင်းများနှင့်ချိတ်ဆက်ပေးရမည်။
2) Fixed Assets Create
- Fixed Assets ကိုနှိပ်ပါ။

- New Fixed Asset ကိုနှိပ်ပါ။

- Item Code တွင် ထည့်သွင်းလိုပါက ထည့်သွင်းပါ။
- Item Name တွင် ပုံသေပိုင်ပစ္စည်း၏အမည်ကို ထည့်သွင်းပါ။
- Depreciation rate တွင် တစ်နှစ်စာတန်ဖိုးလျော့နှုန်းမည်မျှထည့်သွင်းမည်ကို သတ်မှတ်ပါ။

- Control Account - acquisition cost တွင် သက်ဆိုင်ရာ Fixed Assets Account နှင့်ချိတ်ပါ။
- Control Account - accumulated depreciation တွင် သက်ဆိုင်ရာတန်ဖိုးလျော့စာရင်းနှင့် ချိတ်ပါ။
- Custom depreciation expense account ကိုအမှန်ခြစ်ပါ။ လစဥ်စရိတ်အနေဖြင့်ပြမည့် သက်ဆိုင်ရာတန်ဖိုးလျော့အကောင့်ကို ရွေးချယ်ပါ။
- Create ကိုနှိပ်ပါ။

- ထည့်သွင်းထားသော Fixed Assets Name ကိုတွေ့ရမည်။

3) Fixed Assets Purchase
- Fixed Assets ကို အဝယ်စာရင်းထည့်သွင်းပါက Purchase Invoice ကိုနှိပ်ပါ။

- New Purchase Invoice ကိုနှိပ်ပါ။

- Date တွင် Invoice ဖွင့်သောနေ့ကိုထည့်ပါ။
- Supplier ကိုထည့်ပါ။
- Item ဘေးက Account တွင် သက်ဆိုင်ရာ Fixed Assets at cost Account ကို ရွေးပါ။
- Fixed Assets တွင် ဝယ်ယူလိုသော Assets ကို ရွေးပါ။
- Qty တွင်ဝယ်မည့်ရေအတွက်ကိုထည့်ပါ။
- Unit Price တွင်ဝယ်ဈေးကိုထည့်ပါ။
- ဝယ်မည့်ပစ္စည်းများနောက်ထပ်ရှိပါက Add Row ကိုခေါ်၍နောက်ထပ်ထည့်နိုင်ပါသည်။
- Creat ကိုနှိပ်ပါ။

- Create လုပ်ပြီးပြီဆိုပါက ထည့်သွင်းထားသော Purchase Invoice ကို တွေ့ရမည်။

- ငွေတစ်ခါတည်းချေမည်ဆိုပါက New Payment ဆိုတာလေးကို နှိပ်လိုက်ပါ။

- Date တွင် ဝယ်သည့်နေ့ကိုထည့်သွင်းပါ။
- Paid from တွင် မည်သည့် ငွေစာရင်း (or) ဘဏ်စာရင်းမှ ထုတ်ပေးရသည်ကို ရွေးချယ်ပါ။
- Account တွင် ဝယ်ယူလိုက်သော သက်ဆိုင်ရာစာရင်းခေါင်းစဥ်ကိုရွေးချယ်ပါ။
- နောက်တစ်ကွက်တွင် မည်သည့် ပစ္စည်းဝယ်ယူကြောင်းရွေးချယ်ပါ။
- Qty တွင် အရေအတွက်ကို ထည့်သွင်းပါ။
- Unit Price တွင် တန်ဖိုးကိုထည့်သွင်းပါ။
- Create ကိုနှိပ်ပါ။

- ထည့်သွင်းထားသော ငွေပေးချေလွှာပြေစာကို တွေ့ရမည်။

- Fixed Assets တွင်ပြန်လည်ကြည့်ရှုပါက ထည့်သွင်းထားသော ပုံသေပိုင်ပစ္စည်းတန်ဖိုးကို တွေ့ရမည်ဖြစ်ပါတယ်။

- ပုံသေပိုင်ပစ္စည်းများ၏ တန်ဖိုးလျော့များကို ထည့်သွင်းရာတွင် နည်းလမ်းနှစ်ခုဖြင့်အသုံးပြုနိုင်ပါသည်။
4) (a) Fixed Assets Auto Depreciation
- ပထမနည်းအနေဖြင့် MSME Software တွင် Auto တန်ဖိုးလျော့ချနည်းကို အောက်ပါအတိုင်းထည့်သွင်းနိုင်ပါသည်။
- Reports ကိုနှိပ်ပါ။

- Fixed Assets ခေါင်းစဥ်အောက်ရှိ Depreciation Calculation Worksheet ကိုနှိပ်ပါ။

- New Report ကိုနှိပ်ပါ။

- From Date , To Date တွင် မည်သည့်လအတွက်ချမှတ်လိုကြောင်း တစ်လစာရက်ကို သတ်မှတ်ပေးရမည်။
- Description တွင်မည်သည့်လအတွက်ဖြစ်ကြောင်း ထည့်သွင်းပါ။
- Create ကိုနှိပ်ပါ။

- Auto Depreciation ချထားသော ပုံသေပိုင်ပစ္စည်းစာရင်းကိုတွေ့မြင်ရမည်ဖြစ်သည်။

- ညာဘက်အပေါ်ထောင့်ရှိ New Depreciation Entry ကိုနှိပ်ပါ။

- Create ကိုနှိပ်ပါ။

- Depreciation Entries တွင် ထည့်သွင်းထားသောလအတွက် ပုံသေပိုင်ပစ္စည်းများ၏ တန်ဖိုးလျော့ကို တွေ့ရမည်။

- Balance Sheet ဘက်အခြမ်းရှိ Summary တွင်ပြန်လည်ကြည့်ရှုပါက သက်ဆိုင်ရာခေါင်းစဥ်တွင် တန်ဖိုးနှင့် တန်ဖိုးလျော့များကို တွေ့ရမည်။

- Profit and Loss ဘက်ခြမ်းတွင် ကြည့်ရှုပါကလည်း သက်ဆိုင်ရာခေါင်းစဥ်တွင်စရိတ်အနေဖြင့် ပြနေသည်ကိုတွေ့ရမည်။

- ဒုတိယနည်းအနေဖြင့် ပထမလတွင် တန်ဖိုးလျော့ကို Manual တွက်ပြီး လစဥ်ပြန်လည်ကူးယူပြီးတန်ဖိုးလျော့တွက်နိုင်ပါသည်။
- Depreciation Entries ကိုနှိပ်ပါ။

- Date တွင် Depreciation ချမည့်နေ့ကို သတ်မှတ်ပါ။
- Description တွင် မည်သည့်လအတွက်ဖြစ်ကြောင်းထည့်သွင်းပါ။
- Fixed Asset တွင် တန်ဖိုးလျော့ချမည့်ပစ္စည်းကို ရွေးချယ်ပါ။
- Amount တွင် တန်ဖိုးလျော့ချမည့် တစ်လစာကို တွက်ချက်ထည့်သွင်းပါ။
- (မူရင်း Cost* Depreciation Rate= ? , ?/ 12= တစ်လစာ depreciation amount)
- Create ကိုနှိပ်ပါ။

- ထည့်သွင်းထားသော လပိုင်းအတွက် တန်ဖိုးလျော့ပမာဏကို တွေ့ရမည်။
- နောက်လများအတွက် ထို ပမာဏအတိုင်းပဲ ဆက်လက်ချမည်ဆိုပါက View ကိုနှိပ်ပါ။

- Clone ကိုနှိပ်ပါ။

- Date တွင် တန်ဖိုးလျော့ချမည့်နေ့ကို ထည့်သွင်းပါ။
- Description တွင် မည်သည့်လအတွက်ဖြစ်ကြောင်းပြန်လည်ပြင်ဆင်ပါ။
- နောက်လတွင် အသစ်ဝယ်သော ပစ္စည်းများရှိပါက Add Row ကိုတိုး၍ တိုးလာသော ပစ္စည်းများအားတန်ဖိုးလျော့တွက်ချက်ထည့်သွင်းပါ။
- Create ကိုနှိပ်ပါ။

- လစဥ်အလိုက်တန်ဖိုးလျော့ချထားသော စာရင်းကို တွေ့ရမည်။

- Fixed Assets Summary Report တွင် ကြည့်ရှုပါက ပုံသေပိုင်ပစ္စည်းစာရင်း၏အသေးစိတ်ကို တွေ့ရမည်။

Last updated 5 hours ago