---
title: "Expense Claims"
space: "User Guides"
url: "https://www.msmebooks.com/docs/user/guides/employee"
updated: "2026-06-26"
---

**လုပ်ငန်းသုံးကြိုတင်ငွေ နှင့် စိုက်သုံးငွေများအား ဝန်ထမ်းအားထုတ်ပေးထားသည်ကို သေးစိတ် စာရင်းသွင်းနိုင်ရန်အတွက် Expense Claims ကို အသုံးပြုနိုင်ပါသည်။**

**Expense Claims ထည့်သွင်းနည်းအဆင့်များ**
-----------------------------------------

1)[Expense Claims Payers](https://msmebooks.bcnerp.com/docs/user/guides/employee#1-expenses-claims-payer-setup)
လုပ်ငန်းအတွက်အသုံးပြုရန် အသုံးစရိတ်ထုတ်ယူသည့် သူအမည်အားထည့်သွင်းရန်

2)[Expense Claims Payment](https://msmebooks.bcnerp.com/docs/user/guides/employee#2-expense-claims-payment-transaction)
လုပ်ငန်းအတွက် အသုံးပြုရန် အသုံးစရိတ်ငွေထုတ်ပေးခြင်း

3)[Expense Claims](https://msmebooks.bcnerp.com/docs/user/guides/employee#3-expense-claims-transaction)
လုပ်ငန်းအတွက် အသုံးပြုလာသည့်ငွေစာရင်းများအား ပြန်လည်တင်ပြခြင်း

4)[Expense Claims Report](https://msmebooks.bcnerp.com/docs/user/guides/employee#4-expense-claim-summary-report)
အသုံးပြုလာသည့်ငွေနှင့် လုပ်ငန်းမှ ပေးလိုက်သည်ငွေသည် ကိုက်ညီမှုရှိ/မရှိ (သို့) ငွေပြန်လက်ခံရမည့် ပမဏ ကျန်ရှိ/မရှိ (သို့) ငွေထပ်မံထုတ်ပေးရမည့် ပမာဏ ရှိ/မရှိ စစ်ဆေးခြင်း

4) [Expense Claims Receipt](https://msmebooks.bcnerp.com/docs/user/guides/employee#5-expense-claim-receipt-transaction)
ငွေပိုရှိလာပါက ပြန်လည်လက်ခံခြင်း

5) Expense Claims Payment
ငွေစိုက်သုံးလာခဲ့ခြင်းရှိပါက လုပ်ငန်းဘက်မှ ငွေပြန်လည်ပေးခြင်း

#### **1) Expenses Claims Payer Setup**

လုပ်ငန်းအသုံးစရိတ်ထုတ်ယူမည့် ဝန်ထမ်းအမည်အားထည့်သွင်းရန်

> Setting >> Expesnse Claim Payer >> New Expense Claim Payer

![](/files/ljxSnwD.png)  

* Name တွင် ကြိုထုပ်သည့်ဝန်ထမ်း အမည်ကို ထည့်သွင်းပါ။

* Create ကို နှိပ်ပါ။

![](/files/BE414AN.png)  

* ထည့်သွင်းထားသောကြိုထုပ်ထားသည့်ဝန်ထမ်းအမည်ကို တွေ့မြင်ရမည်။

#### **2) Expense Claims Payment Transaction**

လုပ်ငန်းသုံး အသုံးစရိတ်များအတွက် ငွေထုတ်ပေးပါက

> Payment >> New Payment

![](/files/M3ZAgH7.png)  

* Date တွင် ငွေပေးချေသည့် Date ကိုထည့်ပါ။

* Paid From တွင် ငွေထုတ်ပေးသည့် Cash Book ကို ထည့်ပါ။

* Item ဘေးမှ Account တွင် အသုံးစရိတ်ကြိုတင်တောင်းခံခြင်းဖြစ်သဖြင့် Expense Claims အားရွေးချယ်ပါ။ Expense Claim Payerအားရွေးချယ်ပါ။

* Unit Price တွင် အသုံးစရိတ်ကြိုတင်ထုတ်ပေးသည့်ငွေပမာဏအားထည့်သွင်းပါ။

* Create ကိုနှိပ်ပါ။

![](/files/mYIAzoX.png)  

Expense Claim Payer Payment အားတွေ့မြင်ရမည်။

![](/files/OmjlxWW.png)  

**Summary တွင်ပြန်လည်ကြည့်ရှု့ပါက Expenses Claim တွင် Advance ထုတ်ပေးထားသည့်ငွေပမာဏအား အနုတ်ဖြင့်တွေ့မြင်ရမည်ဖြစ်ပါသည်။**



#### **3) Expense Claims Transaction**

အသုံးစရိတ်ကြိုတင်ထုပ်ပေးထားသည့်ငွေမှ အသုံးပြုထားသည့် အသုံးစရိတ်စာရင်း များအားထည့်သွင်းရန်အတွက်

> Expenses Claim >> New Expenses Claim

![](/files/o853oWP.png)  

* Date တွင် စာရင်းရှင်းသည့်နေ့ (သို့) အသုံးစရိတ်များအားအသုံးပြုထားသည့်နေ့ ကို ရွေးချယ်ပါ။

* Payer တွင်အသုံးစရိတ်ပြန်လည်ရှင်းသည့်သူအမည်အားရွေးချယ်ပါ။

* Description တွင် ထည့်သွင်းလိုသော အကြောင်းအရာကို ထည့်သွင်းပါ။

* Item ဘေးမှ Account တွင်သုံးစွဲသည့်စရိတ်များအား သက်ဆိုင်ရာခေါင်းစဥ်ဖြင့်ရွေးချယ်ထည့်သွင်းပါ။

* Unit Priceတွင်အသုံးစရိတ်အတွက်ကျသင့်သည့်ငွေပမာဏများအားထည့်သွင်းပါ။

* Create ကိုနှိပ်ပါါ။

![](/files/TRQTe0s.png)  

ထည့်သွင်းထားသော Expense Claim ကိုတွေ့ရမည်။

![](/files/HL1ZTwW.png)  

**စာရင်းချုပ်တွင်ပြန်လည်ကြည့်ရှု့ပါကလည်း အသုံးစရိတ်ကြိုတင်ထုတ်ယူထားသည့်ငွေထဲမှ သုံးစွဲသည့်ငွေပမာဏများအားနုတ်၍ ပြန်လည်လက်ခံရမည့် ငွေပမာဏအားအနုတ်ဖြင့်ပြမည်ဖြစ်ပြီး၊ ထပ်မံ၍ ပေးရမည်ဖြစ်ပါက အပေါင်းဖြင့် ပေးရမည့်ငွေပမာဏအား ပြမည်ဖြစ်ပါသည်။**


#### 4) Expense Claim Summary Report

![](/files/feQEp5X.png)  

**Expense Claims Report တွင်လဲအသေးစိတ်စစ်ကြည့်နိုင်ပါသည်။**

* Expenses Claim သည် ကြိုပေးထားသည့်ငွေထဲမှ သုံးထားသည့် ငွေပမာဏဖြစ်ပါသည်။
* Payment သည် ကြိုတင်ငွေထုတ်ပေးထားသည့် ငွေပမာဏဖြစ်ပါသည်။
* Net Movement သည် ပြန်လည်လက်ခံရမည့်ပမာဏ (သို့) ထပ်မံပေးရမည့်ပမာဏ ကိုပြမည်ဖြစ်ပါသည်။
* Closing သည်လည်း Net Movement ပမာဏကိုပြမည်ဖြစ်ပါသည်။

#### 5) Expense Claim Receipt Transaction

အသုံးစရိတ်ကြိုထုတ်ထားသည့်ငွေမှ သုံးစွဲ၍ပိုသည့်ငွေအားသက်ဆိုင်ရာ ဌာနမှပြန်လည်လက်ခံပါက

> Receipt >> New Receipt

![](/files/QI8qnvM.png)  

* Date တွင် ငွေလက်ခံသည့်ရက်ကိုထည့်ပါ။

* Account တွင် ငွေလက်ခံသည့်ငွေစာရင်းအမည်ကိုထည့်ပါ။

* Item ဘေးမှစာရင်းတွင် Expenses Claim Account အားရွေးချယ်၍ Expense Claim Payer အားရွေးချယ်ပါ။

* Amount တွင် ပြန်လည်လက်ခံသည့်ငွေပမာဏအားထည့်သွင်းပါ။

* Create ကိုနှိပ်ပါ။

![](/files/76RT9zN.png)  

ပိုငွေအားပြန်လည်လက်ခံထားသည့် Receipt တွေမြင်ရမည်။

![](/files/9P7x63v.png)  

**Summary ၏အသုံးစရိတ်တောင်းခံလွှာစာရင်းတွင် ပြန်လည်ကြည့်ရှု့ပါကလည်း စာရင်းရှင်းပြီးသည့်အတွက် ငွေမကျန်ရှိတော့ကြောင်းတွေ့မြင်ရမည်။အခြားထုတ်ပေးထားသည်များရှိသေးလျှင် အခြားသူစာရင်းများတော့ပြနေမည်ဖြစ်ပါသည်။**

#### 5) Expense Claims Payment ငွေစိုက်သုံးလာခဲ့ခြင်းရှိပါက လုပ်ငန်းဘက်မှ ငွေပြန်လည်ပေးခြင်း

ဝန်ထမ်းဘက်မှစိုက်၍ သုံးလာရခြင်းရှိပါက စိုက်သုံးလာသည့်ပမာဏအား ပြန်လည်ပေးရန်အတွက်

> Payment >> New Payment




  


