Employee Loan
ဝန်ထမ်းကို ချေးငွေထုတ်ပေးသည်ကို လကုန်တွင် လစာထဲမဖြတ်လိုပါက အောက်ပါအတိုင်း စာရင်းသွင်းရမည်ဖြစ်ပါသည်။
ပထမဦးစွာ Settings ကို နှိပ်ပါ။

Chart of Accounts ကို နှိပ်ပါ။

Balance Sheet ဘက်ခြမ်းက New Account ကို နှိပ်ပါ။

Name တွင် Employee Loan ထည့်ပါ။
Group တွင် Liabilities ကို ရွေးပါ။
Create ကို နှိပ်ပါ။

Profit and Loss Statement ဘက်ခြမ်းက New Account ကို နှိပ်ပါ။

Name တွင် Temporary Account ထည့်ပါ။
Group တွင် Income ကို ရွေးပါ။
Create ကို နှိပ်ပါ။

ဝန်ထမ်း၏ချေးငွေကို Opening ထည့်လိုပါက Journal Entries ကို သွားပါ။

New Journal Entries ကို နှိပ်ပါ။

Date တွင် Opening မစခင်ရှေ့တစ်ရက်ကို ထည့်ပါ။

Account တွင် Employee Loan ကို ထည့်ပါ။
ဝန်ထမ်းအမည်ထည့်လိုပါက Description တွင် ထည့်ပါ။
Debit တွင် ဝန်ထမ်းချေးလိုက်သောငွေပမာဏ ကို ထည့်ပါ။
Account တွင် Temporary Account ကို ထည့်ပါ။
Credit တွင် ဝန်ထမ်းချေးလိုက်သော ငွေပမာဏ ကိုထည့်ပါ။
Create ကိုနှိပ်ပါ။

ဝန်ထမ်းကို နောက်ထပ် ချေးငွေထပ်ထုတ်ပေးလိုက်ပါက Payments ကို သွားပါ။

New Payments ကို နှိပ်ပါ။

Date တွင် ဝန်ထမ်းကို ချေးငွေထုတ်ပေးလိုက်သော နေ့ကိုသတ်မှတ်ပါ။
Paid From တွင် ငွေထုတ်လိုက်သော Cash Book (or) Bank ကို ရွေးပါ။

Account တွင် သက်ဆိုင်ရာ Loan Account ကို ထည့်ပါ။
ဝန်ထမ်းအမည်ကို ထည့်လိုပါက Description တွင် ထည့်နိုင်ပါသည်။
Amount တွင် ဝန်ထမ်းကို ချေးပေးလိုက်သော ငွေပမာဏ ကိုထည့်ပါ။
Create ကို နှိပ်ပါ။

ချေးငွေထုတ်ပေးလိုက်သည်ကို ကြည့်လိုပါက Summary ကို နှိပ်ပါ။

Liabilities ၏အောက်တွင် Employee Loan Account ကို တွေ့ရမည်ဖြစ်ပါသည်။
Employee Loan Account တွင် ဝန်ထမ်းဆီမှ ရရန်ရှိသောကြောင့် Minus နှင့် ပေါ်လာနေခြင်းဖြစ်ပါသည်။
မည်သည့်ဝန်ထမ်းကို ဘယ်လောက်ပေးထားကြောင်း စစ်လိုပါက ထို Account ၏ Amount ကို နှိပ်ပါ။

မည်သည့် ဝန်ထမ်းကို ဘယ်လောက်ပေးထားကြောင်းကို အသေးစိတ်တွေ့ရမည်ဖြစ်ပါသည်။

ဝန်ထမ်းမှ ငွေပြန်ဆပ်မည်ဆိုပါက Receipt ကို နှိပ်ပါ။

New Receipt ကို နှိပ်ပါ။

Date တွင် ဝန်ထမ်းထံမှ ငွေရသော နေ့ကို သတ်မှတ်ပါ။
Received in တွင် ငွေရသော Cash Book (or) Bank ကို ရွေးပါ။

Account တွင် သက်ဆိုင်ရာ Loan Account ကို ထည့်ပါ။
ဝန်ထမ်းနာမည် ထည့်လိုပါက Description တွင်ထည့်ပါ။
Amount တွင် ဝန်ထမ်းပြန်ဆပ်သော ငွေပမာဏ ကို ထည့်ပါ။
ထို့နောက် Create ကိုနှိပ်ပါ။

Summary တွင် စစ်ကြည့်ပါကလည်း
Employee Loan Account တွင်ငွေလျော့သွားသည်ကိုတွေ့ရပါသည်။
မည့်သည့် Employee ကိုမည်မျှဆပ်ထားသည်ကိုစစ်လိုပါက Employee Loan Account မှာ Amount ကိုနှိပ်ပါ။

ဝန်ထမ်းများ၏ချေးငွေအသေးစိတ်တွေ့ရမည်ဖြစ်ပါသည်။
