Employee Advance

ဝန်ထမ်းများ လစာကြိုထုတ်မည်ဆိုပါက အောက်ပါအတိုင်းထည့်သွင်းနိုင်ပါသည်။

  • Payment ကိုနှိပ်ပါ။

  • New Payment ကိုနှိပ်ပါ။

  • Date တွင် လစာကြိုထုတ်သောနေ့ကိုထည့်ပါ။
  • Paid From တွင် ငွေကြိုထုတ်ပေးလိုက်သော Cash Book ကိုရွေးပါ။
  • Description ထည့်လိုပါကထည့်နိုင်ပါသည်။
  • Account တွင် Employee Clearing Account ဖြင့်ချိတ်ပါ။
  • Employee တွင် လစာကြိုထုတ်သော ဝန်ထမ်းအမည်ကိုထည့်ပါ။
  • Unit price တွင် ဝန်ထမ်းကြိုထုတ်သော Amount ကိုထည့်ပါ။
  • Create ကိုနှိပ်ပါ။

  • ထည့်သွင်းထားသော ဝန်ထမ်းကြိုထုတ်ထားသည့် Invoice ကို တွေ့မြင်ရမည်။

  • Summary တွင် ကြည့်ပါကလည်း Employee Clearing Account တွင် Minus အနေဖြင့် လာပေါ်နေသည်ကို တွေ့ရမည်ဖြစ်သည်။

လုပ်ခလစာဖြတ်ပိုင်းများထည့်သွင်းလိုပါက အောက်ပါအတိုင်းထည့်သွင်းနိုင်ပါသည်။

  • Payslip ကိုနှိပ်ပါ။

  • New Payslip ကိုနှိပ်ပါ။

  • Date တွင်လစာပေးမည့်နေ့ကို ထည့်ပါ။
  • Description ထည့်လိုပါက ထည့်နိုင်ပါသည်။
  • Employee တွင် လစာပေးမည့်ဝန်ထမ်းကို ထည့်ပါ။
  • Earning တွင် ဝန်ထမ်းကိုပေးမည့် လစာခေါင်းစဥ်များကို ထည့်ပါ။
  • ဖြတ်တောက်ငွေနှင့်လုပ်ငန်းမှပေးချေမည့်ငွေများရှိပါက Deduction နှင့် Contribution တွင်ထည့်ပါ။
  • Create ကိုနှိပ်ပါ။

  • Employee တွင် ကြည့်ပါကလည်း ကြိုထုတ်ထားသောငွေကို နှုတ်၍ လာပြနေသည်ကိုတွေ့ရမည်။

  • Summary တွင် ကြည့်ပါကလည်း Employee Clearing Account တွင် ကြိုထုတ်ငွေကိုနှုတ်၍ လာပြသည်ကိုတွေ့ရမည်ဖြစ်သည်။

အမှန်တကယ် လုပ်ခလစာများပေးမည်ဆိုပါက အောက်ပါအတိုင်းထည့်သွင်းနိုင်ပါသည်။

  • Employees ကိုနှိပ်ပါ။

  • Amount to Pay အောက်မှ အောက်ဆုံးတွင်ပေါ်သော Amount ကိုနှိပ်ပါ။

  • New Payment ကိုနှိပ်ပါ။

  • Date တွင် လစာပေးချေမည့်နေ့ကိုထည့်ပါ။
  • Paid From တွင် ငွေထုတ်ပေးမည့် Cash Book ကိုရွေးပါ။
  • Description ထည့်လိုပါက ထည့်နိုင်ပါသည်။
  • လစာကြိုထုတ်ပေးထားသောဝန်ထမ်းရှိပါကထိုဝန်ထမ်းတွင်လစာထဲကဖြတ်မည့် Amount အားနုတ်၍ ပေးချေမည့် amount ထည့်ပါ။ (အကုန်ဖြတ်မည်ဆိုပါက Amount တွင်မပြင်ပဲထားပေးရပါမည်။)
  • Create ကိုနှိပ်ပါ။

  • ထည့်သွင်းထားသော Payslip ကိုတွေ့မြင်ရမည်ဖြစ်သည်။

  • Summary တွင် ကြည့်ပါကလည်း Profit and Loss Statement အောက်ရှိ Expenses ပေးချေထားသောလုပ်ခ/လစာများကိုတွေ့ရမည်ဖြစ်သည်။

  • Balance Sheet ဘက်ခြမ်းတွင်ကြည့်ပါကလည်း Employee Clearing Account တွင်ပေးရန်မကျန်တော့သည်ကို တွေ့ရမည်ဖြစ်သည်။

Last updated 5 hours ago