---
title: "Custom Field for Bank Account"
space: "User Guides"
url: "https://www.msmebooks.com/docs/user/guides/custom-field-for-bank-account"
updated: "2026-06-26"
---

#### Custom Field အသုံးပြုနည်း လမ်းညွှန်
MSME Software ရှိ Module များတွင် မိမိတို့လုပ်ငန်းသဘာဝအရ လိုအပ်သော အချက်အလက်များကို မူလပါဝင်သည့် Field များအပြင် အသစ်ထပ်မံဖြည့်စွက်လိုပါက Custom Field စနစ်ကို အသုံးပြု၍ အောက်ပါအတိုင်း လွယ်ကူစွာ ထည့်သွင်းနိုင်ပါသည်။

- ငွေပေးချေမှုအတွက် မိမိတို့၏ Bank Name သို့မဟုတ် Account Number များကို သီးသန့်ဖော်ပြလိုပါက Custom Field ကို အသုံးပြု၍ အောက်ပါအတိုင်း အလွယ်တကူ ပြုလုပ်နိုင်ပါသည်။

- ပထမဦးစွာ ဘယ်ဘက် အခြမ်းမှ Settings ထဲသို့သွားပါ။

- Custom Filed ထဲကိုဝင်ပါ။

![](/files/Screenshot 2026-01-27 102200.png)

- Bank Account နှင့် ပတ်သက်၍ မူလပါဝင်သော အချက်အလက်များအပြင် မိမိတို့သီးသန့် မှတ်တမ်းတင်လိုသော အကြောင်းအရာများ (ဥပမာ - Account Number သို့မဟုတ် Branch Name) ရှိပါက အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါသည်။

- Bank Account ခေါင်းစဥ်ဘေးမှ New Custom Field ကိုနှိပ်ပါ။

![](/files/Screenshot 2026-01-27 121712.png)

- Name နေရာတွင် မိမိထည့်သွင်းလိုသော ခေါင်းစဉ်အမည်ကို ရိုက်ထည့်ပါ။ (ဥပမာ - ဘဏ်အကောင့်နံပါတ်အတွက်ဆိုလျှင် "Account Number" ဟု ဖြည့်သွင်းပါ)။
 
- Position နေရာတွင် ထို Field အသစ်အား ပေါ်ချင်သည့်နေရာကို သတ်မှတ်နိုင်ပါသည်။

![](/files/Screenshot 2026-01-26 121952.png)

## Type (အချက်အလက်အမျိုးအစား) ၆ မျိုး
 1. Single Line Text - စာသား တစ်ကြောင်းတည်း ရိုက်ရန်။

 2. Paragraph Text - အကြောင်းအရာ ရှည်ရှည် (စာပိုဒ်လိုက်) ရေးရန်။

 3. Drop-down List - ကြိုတင်သတ်မှတ်ထားသော စာရင်းထဲမှ ရွေးချယ်ရန်။

 4. Image - ပုံ သို့မဟုတ် ဓာတ်ပုံ ထည့်သွင်းရန်။

 5. Date - ရက်စွဲ ထည့်သွင်းရန်။

 6. Number - ဂဏန်း သီးသန့် ရိုက်ထည့်ရန်။

![](/files/Screenshot 2026-01-26 132748.png)

- Size တွင် မိမိသတ်မှတ်လိုသောအမျိုးအစားအား ရွေးချယ်နိုင်ပါသည်။

![](/files/Screenshot 2026-01-26 133614.png)

- အသစ်ထည့်လိုက်သော Field ကို သက်ဆိုင်ရာ List (ဇယား) တွင် တိုက်ရိုက်မြင်တွေ့လိုပါက "Show custom field as a column" တွင် အမှန်ခြစ်ပေးပါ။

- အဆိုပါအချက်အလက်ကို Print ထုတ်သည့်အခါ (Invoice/Voucher) များတွင် မြင်တွေ့   ချင်ပါက "Show custom field on printed documents" တွင် အမှန်ခြစ်ပေးပါ။

![](/files/Screenshot 2026-01-26 135430.png)

- ယခုအခါ Bank Account စာမျက်နှာတွင် မိမိစိတ်ကြိုက် ထည့်သွင်းထားသော Field အသစ် (ဥပမာ - Account Number) ပေါ်လာမည် ရမည်ဖြစ်ပါသည်။

![](/files/Screenshot 2026-01-27 151646.png)

- Bank and Cash Accounts အောက်တွင်လည်း Account Number ဟူ၍ အောက်ပါအတိုင်း မြင်တွေ့ ရမည်ဖြစ်ပါသည်။

![](/files/Screenshot 2026-01-27 101105bf28e0.png)