---
title: "Credit Note"
space: "User Guides"
url: "https://www.msmebooks.com/docs/user/guides/credit-note"
updated: "2026-06-26"
---

**ရောင်းပြီးသည့် ကုန်ပစ္စည်းများအား အကြောင်းအမျိုးမျိုးကြောင့် ဝယ်သူမှ ပြန်ပို့လိုကသောပစ္စည်းများအား  ပြန်လည်လက်ခံသည့် အခါတွင် Credit Note ကို အသုံးပြုနိုင်ပါသည်။**

Credit Note ထည့်သွင်းနည်း (၂)နည်း

1) Sales Invoice မှ Return ပြန်နည်း

2) Credit Note တွင် Sales Invoice နှင့်မချိတ်ဘဲ Return ပြန်နည်း

#### 1). Sales Invoice မှ Return ပြန်နည်း

![](/files/viber_image_2025-03-08_16-29-32-286.jpg)

* Sales Invoice မှ Return ပြန်မည်ဆိုပါက Return ပြန်မည့် Sales Invoice အား Sales Invoice Search Bar တွင် ရှာဖွေပါ။

* Return ပြန်မည့် Sales Invoice ကို တွေ့ရှိပါက View နှိပ်ပါ။

![](/files/viber_image_2025-03-08_16-18-47-447.jpg)

* Sale Invoice ၏အပေါ်တွင်ရှိသော Copy to ကိုနှိပ်ပါ။

* New Credit Note ကိုထပ်မံနှိပ်ပါ။

![](/files/viber_image_2025-03-08_16-32-43-397.jpg)

* Issue Date တွင် Return ပြန်မည့်နေ့ကိုထည့်ပါ။

* Customer, Sales Invoice No, Item , Unit Price တို့သည် Sales Invoice မှသွားထားသည်ဖြစ်သည်ကြောင့် Auto လာကျပေးမည်ဖြစ်သည်။

* Item တွင် Return ပြန်မည့် Item များသာ ရွေးချယ်၍ Return မပြန်သော Item Line များအား ဖျတ်ပါ။

* Qty တွင် Return ပြန်မည့်အရေအတွက်ကိုထည့်ပါ။

* Create ကိုနှိပ်ပါ။

![](/files/Screenshot 2025-03-08 163659.png)

**Customer မှပြန်ပို့လာသော ကုန်ပစ္စည်းကို Credit Noteတွင်စာရင်းသွင်းပြီးပါက ကုန်ပစ္စည်းစာရင်းများတွင် ပြန်လည်ကြည့်ရှု့ပါက ကုန်ပစ္စည်းတွင် Return ပြန်လာသော အရေအတွက် တိုးလာမည်ဖြစ်ပါသည်။**

**ထိုအစောင်အတွက် ငွေကျန်ရှိနေပါကလည်း ငွေကျန်ထဲမှ Return amount အားနုတ်၍ ပြမည်ဖြစ်ပြီး၊ ငွေကျန်မရှိပါက ထိုအစောင်အတွက် ငွေပြန်အမ်းရမည်ကိုပြမည်ဖြစ်ပါသည်။**

#### 2).Credit Note တွင် Sales Invoice နှင့်မချိတ်ဘဲ Return ပြန်နည်း

> Credit Note >> New Credit Note

![](/files/FgETlYz.png)  

* Issue Date တွင် Return ပြန်မည့်နေ့ကိုထည့်ပါ။

* Customer တွင် Return ပြန်သည့် Customer ကိုထည့်ပါ။

* Item တွင် Return ပြန်မည့်ကုန်ပစ္စည်းကိုထည့်ပါ။

* Qty တွင် Return ပြန်မည့်အရေအတွက်ကိုထည့်ပါ။

* Unit Price တွင်ရောင်း‌ဈေးကိုထည့်ပါ။

* Create ကိုနှိပ်ပါ။

**Customer မှပြန်ပို့လာသော ကုန်ပစ္စည်းကို Credit Note တွင်စာရင်းသွင်းပြီးပါက သက်ဆိုင်ရာ ကုန်ပစ္စည်းတွင် အရေအတွက် တိုးလာမည်ဖြစ်ပါသည်။**

**ငွေပြန်အမ်းစရာရှိပါကလည်း Customer တွင်ကြည့်ရှု့ပါက ငွေကျန်ရှိနေလျှင် Return ပြန်ထားသည့် amount အားနုတ်၍ ပြမည်ဖြစ်ပြီး၊ ငွေကျန်မရှိလျှင် ပြန်အမ်းရမည့်ငွေအား အနုတ်ဖြင့်ပြမည်ဖြစ်ပါသည်။**