---
title: "Capital Investment"
space: "User Guides"
url: "https://www.msmebooks.com/docs/user/guides/capital-investment"
updated: "2026-06-26"
---

**ရင်းနှီးမြှုပ်နှံမှု ဆိုသည်မှာ စီးပွားရေးလုပ်ငန်းတစ်ခု သို့မဟုတ် စီမံကိန်းတစ်ခုတွင် ရင်းနှီးမြှုပ်နှံထားသော ပိုက်ဆံ သို့မဟုတ် အရင်းအမြစ်များကို အချိန်ရဲ့ကြာမြင့်မှုနှင့်အတူ အမြတ်နှုန်းများ သို့မဟုတ် အကျိုးရရှိမှုများကို ရရှိရန် အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှုများဖြစ်သည်။ ယင်းသည် အပိုင်အဆောက်အအုံ၊ စက်ပစ္စည်း၊ လုပ်ငန်းကဏ္ဍများ အဆင့်မြှင့်တင်ခြင်း၊ သို့မဟုတ် လုပ်ငန်းတိုးတက်မှုကို လုပ်ဆောင်ရန်ရည်ရွယ်သော ရင်းနှီးမြှုပ်နှံမှုများဖြစ်နိုင်သည်။**

Capital Investment ထည့်သွင်ရာတွင် Shareholder Name အားထည့်သွင်းပြီးမှသာ Investment အားထည့်သွင်းရမည်ဖြစ်သည်။

1) [Capital List ထည့်သွင်းခြင်း](https://msmebooks.bcnerp.com/docs/user/guides/capital-investment#1-capital-list-%E1%80%91%E1%80%8A%E1%80%BA%E1%80%B7%E1%80%9E%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8)

2) [Capital Investment ထည့်သွင်းခြင်း](https://msmebooks.bcnerp.com/docs/user/guides/capital-investment#2-capital-investment-%E1%80%91%E1%80%8A%E1%80%BA%E1%80%B7%E1%80%9E%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8)

#### 1) Capital List ထည့်သွင်းခြင်း

> Capital Account >> New Capital Account ကိုနှိပ်ပါ။

![](/files/zHcq1uO.png)  

* Name တွင် ရှယ်ယာရှင်ဝင်ထားသူအမည်ကိုထည့်သွင်းပါ။
* Create ကိုနှိပ်ပါ။

![](/files/zdnDMHj.png)  

* ထည့်သွင်းထားသော အစုရှယ်ယာရှင် ကိုတွေ့မြင်ရမည်ဖြစ်သည်။

#### 2) Capital Investment ထည့်သွင်းခြင်း

ရှယ်ယာရှင်တစ်ဦးချင်းစီမှ လုပ်ငန်းသို့ထည့်ဝင်စာရင်းထည့်သွင်းရန်အတွက်

> Receipt >> New Receipt

![](/files/EjqqIVR.png)  

* Date တွင်ငွေလက်ခံမည့်နေ့အား ရွေးချယ်ပါ။
* Received In တွင်ငွေလက်ခံမည့် စာရင်းအမည်အားရွေးချယ်ပါ။
* Account တွင် Capital Account ကိုရွေးပါ။
* Capital Name အားရွေးချယ်ပါ။
* Sub Account တွင် Fun Contributed ကိုရွေးပါ။
* Amount တွင်ငွေလက်ခံမည့် Amount ကိုထည့်ပါ။
* Create ကိုနှိပ်ပါ။

![](/files/MXKneJZ.png)  

* ထည့်သွင်းထားသော Capital Account ကိုတွေ့မြင်ရမည်ဖြစ်သည်။

![](/files/774JUAU.png)  

* Summary တွင်စစ်ကြည့်ပါကလည်း ထည့်သွင်းထားသော Capital Amount ကိုတွေ့မြင်ရမည်ဖြစ်သည်။
